မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေအပြောင်းအလဲများနောက်ကွယ်တွင် တရုတ်မှ ထောက်ခံခြင်း ရှိနေသလား

2021-02-04 11:53:07 |သတင်းအရင်းအမြစ် 新华网 CRI

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပြောင်းအလဲများနောက်ကွယ်တွင် တရုတ်မှ တိတ်တဆိတ် ထောက်ခံခြင်းသို့မဟုတ် ခွင့်ပြုခြင်းရှိနိုင်ကြောင်း ကောလာဟလသတင်းစကားအချို့ ယနေ့တွင် ထွက်ပေါ်လာကြောင်းသိရပါသည်။ ၎င်းအခြေအနေနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး သီးသန့်ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြောင်း၊ တရုတ်နှင့်မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိပါတီနှင့်အလွှာအသီးသီးသည် မြန်မာပြည်သူပြည်သား များ၏ ဆန္ဒကို ဦးစားပေးသတ်မှတ်၍ အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းမှတစ်ဆင့် သဘောထားကွဲလွဲမှု များကို အခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်တွင် အဆင်ပြေကောင်းမွန်စွာဖြေရှင်းကြစေလိုကြောင်း၊ နိုင်ငံရေးနှင့် လူမှုအသိုင်းအဝိုင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်စေလိုကြောင်း စသဖြင့် ပြောဆိုခဲ့ပါသည်။

နိုင်ငံတကာသည် မြန်မာနိုင်ငံ၏ သလောထားကွဲလွဲမှုကို ဖြေရှင်းရန် သင့်လျော်ကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးစေလိုကြောင်း၊ လုံခြုံရေးကောင်စီသည် မည်သည့် လုပ်ဆောင်ချက် ကိုကျင့်သုံးသည်ဖြစ်စေ မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်လူမှုအသိုင်းအဝိုင်းတည်ငြိမ်ရေးအတွက် အထောက် အကူဖြစ်စေလိုကြောင်း၊ ၎င်းကိစ္စရပ်ကို တည်ငြိမ်စွာ ဖြေရှင်းနိုင်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး နှင့်ပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုစေလိုပါကြောင်း၊ ပဋိပက္ခများ ပိုမိုပြင်းထန် ဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိလာခြင်းနှင့် အခြေအနေပိုမိုရှုပ်ထွေးစေခြင်းတို့အား ရှောင်ကြဥ်သင့်ကြောင်း ဝမ်းဝန်ပင်းက ပြောဆိုခဲ့ပါသည်။