ယူနန်ပြည်နယ် တယ်ဟုန်ခွဲ “ဘဏ်နှင့် အခွန်ဌာနတို့ ပူးပေါင်းမှု”မှသည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မောင်နှင်အားပေး

2021-02-04 18:24:55 |သတင်းအရင်းအမြစ် 中国日报

၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ယူနန်လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် တယ်ဟုန် ဇုန်တွင် အကောက်ခွန်ဌာနနှင့် ဘဏ်နှင့်အာမခံကုမ္ပဏီ ကြီးကြပ်အုပ်ချုပ်ရေးကောင်စီ၊ ဘဏ်စသည့် ဘဏ္ဍာရေးဌာနများနှင့် ပူးပေါင်းကာ“ဘဏ်နှင့်အခွန်ဌာန ပူးပေါင်းမှု”အား အဆက်မပြတ် နက်ရှိုင်းစေလျက်ရှိပါသည်။ လုပ်ငန်းအဖွဲ့များမှ အခွန်ပေးဆောင်ခြင်းဖြင့် ရင်းနှီးမြှပ်နှံမှုချေးငွေ ထုတ်ပေးမည့် အားသာချက်ကို ပိုမို မြန်ဆန်စွာ၊ ကောင်းမွန်စွာ အသွင်ပြောင်းပေးနေသည်။ အခွန်ပေးဆောင်သူများအား ဝန်ထုပ်ဝန်ပိုး လျော့နည်းစေကာ လုပ်ငန်းပြန်လည်ဖော်ဆောင်ရေးအား အထောက်အကူပြုစေပါသည်။
“ကျွန်တော်တို့က ပို့ကုန်သွင်းကုန်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီနှစ် ညှိနှိုင်းပြီး၊ ညှိနှိုင်း ဆဲဖြစ်တဲ့ ခန့်မှန်းငွေပမာဏက တရုတ်ယွမ် သန်း ၆၀ ရှိပါတယ်။ အဲဒီရင်းနှီးငွေပမာဏ ကြောင့် ကျွန်တော်တို့လုပ်ငန်းရဲ့ စီးပွားရေးစွမ်းဆောင်ရည် ဖော်ထုတ်ဖို့ ခက်ခဲပါတယ်။ အကောက်ခွန်ဌာနနှင့် ဘဏ်တို့၏ ထောက်ပံ့မှုဖြင့် လက်ရှိအချိန်မှာ ကျွန်တော်တို့ ကုမ္ပဏီဟာ‘အခွန်ပေးဆောင်ခြင်း အီး-ချေးငွေ’ နှင့် ‘ပြန်အမ်းသည့် အခွန်ဖြင့် ငွေချေးခြင်း’ ကတစ်ဆင့် တရုတ်ငွေယွမ် ၁၂ သိန်း ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ရင်းနှီးငွေ နည်းပါးတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်။ မှာယူတဲ့ ကုန်စည်တွေ တင်ပို့ ရောင်းချရာမှာလည်း အရောင်းမြှင့်တင်ပေးတဲ့အတွက် ကျွန်တော်တို့ဟာ မီးလောင်ရာ လေပင့်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်” ဟု ချန်ယွမ်ပို့ကုန်သွင်းကုန်ကုမ္ပဏီမှ တာဝန်ရှိသူ ကျူဟုန်စန်က ပြောပြပါသည်။
၂၀၂၀ ပြည့်နှစ်တွင် တယ်ဟုန်ဇုန်သည် ဘဏ်အသီးသီးတို့နှင့် “ဘဏ်နှင့် အခွန်ဌာနတို့ပူးပေါင်းမှု”မှတဆင့် ချေးငွေထုတ်ပေးရာလုပ်ငန်းအဖွဲ့ ၆၆ခုအား ချေးငွေ ၉၃ ကြိမ်ထုတ်ပေးခဲ့ပြီး ထုတ်ပေးသည့် စုစုပေါင်းပမာဏမှာ တရုတ်ယွမ် ၆၈.၅၂ သန်းရှိကြောင်း၊ ရင်းနှီးငွေလိုအပ်သော အခွန်ဆောင်သူများအတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်မှ လုပ်ငန်းအဖွဲ့များအား လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရန် ရင်းနှီးငွေအရင်းအမြစ်များ စီးဆင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုမောင်းနှင် အားပေးကြောင်း သိရပါသည်။