မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအပြောင်းအလဲကို အထူးစိုးရိမ်ပူပန်ပြီး ဒီမိုကရေစီကူးပြောင်းခြင်းဖြစ်စဉ်ကို ပံ့ပိုးပေးလိုသည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကြေညာချက် ထုတ်ပြန်

2021-02-05 16:51:48 |သတင်းအရင်းအမြစ် 联合国微博官方账号

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ အပြောင်းအလဲဆိုင်ရာကြေညာချက်ကို ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ကြောင်း သတင်းအရ သိရပါသည်။ မြန်မာစစ်တပ်၏ မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးခြင်းအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် စစ်တပ်က ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ၎င်းကြေညာချက်တွင် ရေးသားဖော်ပြထားပါသည်။ နိုင်ငံတကာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းခြင်းဖြစ်စဥ်ကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်နှင့် လုပ်ထုံးလုပ်နည်းကို ထိန်းသိမ်းရန်၊ အကြမ်းဖက်မှုကို ရှောင်ရှားရန်၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာရန် လုံခြုံရေးကောင်စီမှ အလေးထားဖော်ပြသကဲ့သို့ မြန်မာပြည်သူပြည်သားများ၏ ဆန္ဒနှင့်အကျိုးစီးပွား နှင့်အညီ အပြန်အလှန်ဖလှယ်ခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို လုံခြုံရေးကောင်စီမှ အားပေးကြောင်း ဖော်ပြပါရှိသည်။