ရွှေလီမြို့ “တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့”သည် မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများအား အိမ်၏ နွေးထွေးမှုကို ခံစားရ‌စေ

2021-02-09 18:13:55 |သတင်းအရင်းအမြစ် 春城晚报

“အပြင်ထွက်ရင် မျက်နှာဖုံး တပ်ရမယ်။ လက်ကို ခဏခဏဆေးရမယ်။ လေကောင်းလေသန့် ရအောင် ထိန်းသိမ်းရမယ်။”ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံ၌ နေထိုင်သော မြန်မာနိုင်ငံသား မွန်ဟန်ရွှန်သည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ နယ်စပ်အုပ်ချုပ်မှုရဲတပ်ဖွဲ့ ကျယ်ရှန်ရွာ နယ်စပ်ရဲဌာန၏“တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့”ဟူသော လက်ပတ်ကို ဝတ်ထားကာ တရုတ်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် တိုင်တိုင်းရင်းသား ဘာသာစကားဖြင့် ရပ်ကွက်တွင် နေထိုင်သော မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများအား ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးနှင့်ဥပေဒစည်းမျဥ်းစည်းကမ်းများကို မိတ်ဆက်ပေးပါသည်။


လွန်ခဲ့သော ၁၂ နှစ်တုန်းက မွန်ဟန်ရွှန်သည် သူ့ဇနီးနှင့် အိမ်ထောင်ပြုပြီးနောက် ကျယ်ရှန်ရွာတွင် အခြေစိုက်နေထိုင်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် သူက ဒေသခံရဲဌာနမှ “တရုတ်- မြန်မာဆွေမျိုးပေါက်ဖော် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့”ကို ဖွဲ့စည်းသည့် သတင်းကြားရ သည်နှင့် အလိုအလျောက် ပါဝင်ရန် တောင်းဆိုလိုက်ပါသည်။


ကျယ်ရှန်ရွာသည် ရွှေလီမြို့ တောင်ပိုင်းဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံနှင့် တောတောင်ရေမြေရော ကျေးရွာအုပ်စုများပါ ဆက်စပ်လျက်ရှိပါသည်။ ယင်းကျေးရွာတွင် ရွှေလီမြို့၏ အကြီးဆုံးစက်မှု ထုတ်လုပ်မှုဇုန်ရှိပါသည်။ တရုတ်ဘာသာစကား မတတ်သောမြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်ရှိပါသည်။ ၎င်းမြန်မာရွှေ့ပြောင်းလုပ်သားများအား ဥပဒေစည်းမျဥ်းစည်းကမ်းနှင့်အညီ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်သည်ကို လမ်းညွှန်ပေးရန် ကျယ်ရှန်ရွာ နယ်စပ်ရဲဌာနသည် နှစ်ပေါင်းမျာစွာ စုံစမ်းလေ့လာပြီး စုဆောင်းရရှိသော ပူးပေါင်းထိန်းချုပ်မှုအလုပ်အတွေ့အကြုံများဖြင့် “တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့”ကို ဖွဲ့စည်းလိုက်ပါသည်။ ယင်းအဖွဲ့၏ အဖွဲ့ဝင်များသည် ရဲဌာနမှ ရဲမှူးများ၊ ကျန်းမာရေးဆေးဖက်ဆိုင်ရာဝန်ထမ်း၊ နယ်စပ်ဒေသ ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်သူ၊ တရုတ်ပြည်မှာ စီးပွားရေးလုပ်ကိုင်သော မြန်မာနိုင်ငံသား၊ မြန်မာရွှေ့ပြောင်းလုပ်သားစသည်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ပုံမှန်အချိန်တွင် ပူးတွဲလှည့်လှည်ခြင်း၊ ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးအသိပေးခြင်း၊ နယ်စပ်ဒေသထိန်းချုပ်ခြင်း၊ သွားရောက်ကြည့်ရှုကာ ဝန်ဆောင်မှုပေးခြင်းအား ဖော်ဆောင်၍ နိုင်ငံခြားသားဝန်ဆောင်မှုအုပ်ချုပ်ခြင်း တစ်နေ့လုံး ကောင်းမွန်စွာ ပြုလုပ်ပါသည်။


“တရုတ်နိုင်ငံမှာ အိမ်ရဲ့ နွေးထွေးမှုကို ခံစားမိပါတယ်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်တွေ လုံလုံခြုံခြုံ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”“တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့”ဖွဲ့စည်းသည့်အတွက် မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သားများသည် ရင်းနှီးမှု နှင့်နွေးထွေးမှု ပိုပြီး ခံစားမိကြပါသည်။