တရုတ်နှစ်သစ်ကူးပွဲတော်ရက်အတွင်း ယူနန်ပြည်နယ်တွင် ခရီးသွားပြည်သူ (၁၆.၆၇)သန်း လက်ခံခဲ့

2021-02-19 15:45:13 |သတင်းအရင်းအမြစ် 云南发布

ယခုနှစ်တရုတ်နှစ်သစ်ကူးပွဲတော်တွင် ကိုဗစ်ရောဂါကာကွယ်ရေးကို ပိုမိုကောင်း မွန်အောင် လုပ်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံသည် ရောက်ရာနေရာတွင် နှစ်ကူးခြင်း အစီအစဉ်ကို တိုက်တွန်းနိုးဆော်မှု လုပ်ဆောင်ခဲ့ပါသည်။ ယူနန် ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေး ညွှန်ကြားမှုဉီးစီးဌာန၏ သတင်းအရ တရုတ်နှစ်သစ်ကူးပွဲတော်ကာလအတွင်း ဒေသတွင်းနှင့် ပတ်ဝန်းကျင်ခရီးသွား ထုတ်ကုန်ပစ္စည်း၏‌ နေ့စဉ်ရှာဖွေနှုန်းသည် ယခင်စုဆောင်းထားသည့် ကိန်းဂဏန်း ထက် (၁၃၇%)တိုးမြှင့်ခဲ့ပါသည်။

ကိုယ်ပိုင်ယာဉ်မောင်းခရီးတို ခရီးလည်ပတ်ခြင်းသည် ဒေသခံပြည်သူများအတွက် ပြင်ပခရီးသွားရာတွင် ပထမဉီးဆုံးရွေးချယ်မှု ဖြစ်လာသည်။ တစ်ရက်တာခရီးစဉ် သည် စျေးကွက်စုစုပေါင်းပမာဏ၏ (၈၈%)ရှိသည်။ ကနဦးကိန်းဂဏန်းများအရ ပြည်နယ်တစ်ခုလုံးရှိ ပြည်နယ်ခွဲ(မြို့)များအတွင်း ဝင်ရောက်ထွက်ခွာသည့် ကိုယ်ပိုင်ယာဉ်သည် စီးရေ(၉၉)သိန်းရှိပြီး မြို့ရွာပတ်ဝန်းကျင် ခရီးသွားလာရေးနှင့် တစ်ရက်တာခရီးစဉ်တို့၏ အဓိကအင်အားစု ဖြစ်လာပါသည်။ ပြည်နယ်အတွင်းရှိ ပြည်သူများသည် ပြည်တွင်းခရီးသွားဧည့်သည် စျေးကွက်၏ အဓိကအင်အားထု ဖြစ်ပါသည်။

တချို့သော ခရီးသွားရှုခင်းဇုန်များသည် ရာသီအလိုက် ပိတ်ထားရခြင်းနှင့် ပြုပြင် မွမ်းမံခြင်းများမှအပ ယူနန်ပြည်နယ်ရှိ ရှုခင်းဇုန်အများစုသည် ပုံမှန် ဖွင့်လှစ် လျက်ရှိပါသည်။ ဒေသအများစုတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဝင်ကြေးအခမဲ့ စသည့် သက်ဆိုင်ရာလုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးလျက် ရှိသည်။ ရောက်ရာနေရာတွင် နှစ်သစ်ကူးကြရသူများအပေါ် ဂရုစိုက်မှုများကြောင့် ရပ်ခြားသို့ရောက်ရှိနေသူများသည် သူတို့၏ “‌နွေးထွေးမှု အမြဲဝန်းရံ”နေသည်ကို ခံစားစေမိပါသည်။