တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးသည် အီးယူသို့ ရောက်ရှိပြီ

2021-02-19 15:51:06 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ဟန်ဂေရီနိုင်ငံမှ ဝယ်ယူသည့် တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ် ဆေးများ အပြည့် သယ်ဆောင်လာသော လေယာဉ်တစ်စီးသည် ဟန်ဂေရီနိုင်ငံ ၏ မြို့တော် Budapestမြို့အတွင်း Budapest Liszt အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံ၏ ကိုဗစ် ကာကွယ်ဆေးကို အတည်ပြု ဝယ်ယူခဲ့သည့် ပထမဆုံးသော အီးယူနိုင်ငံ ဖြစ်လာသည်။ ဟန်ဂေရီနိုင်ငံ နိုင်ငံခြားဆက်ဆံရေးနှင့် ပြင်ပစီးပွားရေး ဝန်ကြီးဌာန နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး ချယ်အဲ.ထောမက်စ်နှင့် ဟန်ဂေရီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ချီတာယူ တို့သည် လေဆိပ်တွင် တရုတ်နိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးကို လက်ခံကြိုဆိုခဲ့ပါသည်။