တရုတ်ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံစုံခေါင်းဆောင်များက ထိုးနှံခဲ့ကြပြီး “ကျွန်တော် ကိုယ်ဆန္ဒအရ ထိုးနှံတာ” ဟု ပြောကြား

2021-02-20 18:19:33 |သတင်းအရင်းအမြစ် 新华网

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဇင်ဘာဘွေ (Zimbabwe )နိုင်ငံ၏ မြို့တော် ဟားရား (Harare) မြို့ရှိ Wilkins ဆေးရုံ၌ ဇင်ဘာဘွေနိုင်ငံ၏ ဒုသမ္မတနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Chiwenga သည် တရုတ်နိုင်ငံ SINOPHARM ကုမ္ပဏီမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြောင်း သတင်းအရ သိရှိရပါသည်။

ယင်းမတိုင်မီ နိုင်ငံစုံ ခေါင်းဆောင်များကလည်း တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခဲ့ကြပြီး လက်တွေ့ကျသောလုပ်ဆောင်မှုများဖြင့် တရုတ်ကာကွယ်ဆေးအပေါ် ယုံကြည်မှုကို ဖော်ပြခဲ့ကြပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချီလီ (Chile) နိုင်ငံ Futrono မြို့ Región de Los Ríos ရပ်ကွက် အတွင်းရှိ ကျန်းမာရေးစခန်းတစ်ခုတွင် ချီလီ နိုင်ငံသမ္မတ Piñera သည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးနောက် လက်ဖြင့် အောင်မြင်မှုသင်္ကေတ “V”ပုံ ဖော်ပြနေစဥ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပီရူး(Peru )နိုင်ငံ၏မြို့တော် Lima မြို့အတွင်းရှိ ကြည်းတပ်ဆေးရုံ၌ ပီရူး နိုင်ငံသမ္မတ Sagasti သည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဥ်။


ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တူရကီ(Turkey) နိုင်ငံသမ္မတ Erdogan သည် Ankara မြို့၏ ဆေးရုံတစ်ခုတွင် တရုတ်နိုင်ငံ SINOVAC ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဥ်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ(Jakarta)မြို့ရှိ သမ္မတရုံး၌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko (ဘယ်-၁) သည် တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဥ်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် Seychelles နိုင်ငံ၏ မြို့တော် ဗစ်တိုးရီးယား (Victoria)မြို့ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းစခန်းတစ်ခု၌ Seychelles နိုင်ငံ၏သမ္မတ Wavel Ramkalawan သည် ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဥ်။

တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကာလတွင် တရုတ်နိုင်ငံမှ နိုင်ငံတကာသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး တင်ပို့ခြင်းနှင့် ကူညီထောက်ပံ့ခြင်းအစီအစဥ်တို့ကို မရပ်နားခဲ့ပါ။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် Magyarország နိုင်ငံ၏မြို့တော် Budapest မြို့တွင် လေဆိပ်ဝန်ထမ်း များသည် တရုတ်မှ ရောက်ရှိလာသော ပထမအသုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးပါကင်များကို သယ်ယူနေစဥ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဇင်ဘာဘွေ နိုင်ငံ၏မြို့တော် Harare မြို့ရှိ Aviation Ground Services လေဆိပ်၌ ဝန်ထမ်းများသည် တရုတ်အစိုးရမှ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးပါကင်များ သယ်ယူနေစဥ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying ၏ မိတ်ဆက်ခြင်းအရ ယနေ့ထိတိုင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ၅၃ နိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကူညီထောက်ပံ့ပေးသကဲ့သို့ နိုင်ငံ ၂၂ နိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး တင်ပို့ခဲ့ပါသည်။