“တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သုတေသန” Think Tank အစီရင်ခံစာ ထုတ်ပြန်

2021-03-01 18:28:56 |သတင်းအရင်းအမြစ် 新华网

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ဆင်ဟွာသတင်းဌာနသည် တရုတ်နှင့်အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော “တရုတ်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသုတေသန-- နိုင်ငံရေးနှင့် စီးပွားရေး ရှုထောင့်မှတစ်ဆင့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ အတွေးအခေါ်နှင့် လက်တွေ့ဆောင်ရွက်ခြင်း” Think Tank အစီရင်ခံစာကို တစ်ကမ္ဘာလုံးသို့ ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွေးအခေါ်ကို အသေးစိတ်ဖော်ပြခဲ့ပါသည်။

အဆိုပါအစီရင်ခံစာတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးညွှန်ကြားချက်ကို အဓိကအကြောင်းအရာအဖြစ်တွေ့ရပြီး လက်တွေ့ကျသောဆောင်ရွက်ချက်များကို အုတ်မြစ် အသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၏ ပေါကြွယ်သောအနှစ်သာရကို ဖော်ပြခဲ့ပါသည်။
 

အဆိုပါအစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသုတေသန ဖြစ်ပေါ်လာသည့် ခရီးစဥ်၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လက်တွေ့ဆောင်ရွက်ချက်၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ နိုင်ငံရေးနှင့်စီးပွားရေး အခြေခံမူများ၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးသည် ကမ္ဘာ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် သြဇာရှိခြင်းစသည့် အခန်းကဏ္ဍ ၄ ခု ပါဝင်သည်။ မော်ကွန်းဝင်စာတမ်းများစွာနှင့် သုတေသနအပြင်၊ တရုတ်တစ်ပြည်လုံးရှိ ပြည်နယ်နှင့်မြို့ပြ ၂၀ ကျော်သို့ လက်တွေ့လေ့လာခဲ့သကဲ့သို့ နိုင်ငံများစွာမှ အကြီးအကဲများ၊ ပညာရှင်များထံသို့လည်း သီးသန့်အင်တာဗျူးပြုလုပ်ပြီးနောက်၊ ပြည်တွင်းပြည်ပဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ နောက်ဆုံး ထုတ်ရလဒ်များကို ကျယ်ပြန့်စွာ လေ့လာခြင်းဖြင့် ၎င်းအစီရင်ခံကို ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာဖြင့် အစီရင်ခံစာကို download ရယူဖတ်ရှုရန်--

http://www.xinhuanet.com/english/special/2021jpxbg.pdf

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)