ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့အစိုးရပြန်ကြားရေးရုံးမှ ဦးစီးကျင်းပသော“နွေဦး ၏ တစ်မြစ်တည်းရေ နွေးထွေးနေ၊ ယူနန်၏ ရှုခင်းသာယာ အမှတ်ရနေ” ဟု အမည်ပေးထားသော လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက် ၆ နိုင်ငံ နှစ်သစ်ယဥ်ကျေးမှု အထူးဖလှယ်ပွဲအစီအစဥ်ကို အွန်လိုင်းပေါ် ၌ တင်ဆက်နေပါသည်။
၎င်းအစီအစဥ်သည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားသည့် အစီအစဥ်တင်ဆက်သူ ၃ ဦး၏ တင်ဆက်မှုမှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဗောင်းစန်းမြို့ စီမော်လာ ဝတိုင်းရင်းသားရွာ၊ စစ်ဆောင်ပန်းနားပြည်နယ်ခွဲကျင်ဟုန်မြို့ မန်ယွမ်ရွာနှင့် ကောက်ကျွမ်းစစ်ဆောင်ကျင်၊ တီချင့် ပြည်နယ်ခွဲရှန်ဂရီလာမြို့ နိုင်စီရွာတို့ကို ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။ ထိုအစီအစဥ်မှတစ်ဆင့် ယူနန်ပြည်နယ်၏ နှစ်သစ်ကူးယဥ်ကျေးမှု၊ သာယာလှပသည့်ရှုခင်း၊ ထူးခြားသည့်ဒေသခံရိုးရာဓလေ့ တို့ကို ပရိသတ်များအား မိတ်ဆက်ပြသခဲ့ပါသည်။ လူငယ်များက တရုတ်ရိုးရာယဥ်ကျေးမှုအား ပိုမိုသိကျွမ်းလာစေသည်နှင့်အမျှ လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက် ၆ နိုင်ငံအကြား တောတောင်ရေမြေ ဆပ်စပ်လျက်ရှိပြီး အတူတကွလက်တွဲကာ ရှေ့သို့ချီတက်သော နက်ရှိုင်းသည့် ချစ်ကြည်ရေးသံယောဇဥ်ကို ခံစားရစေပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)