တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင် လေယာဉ်အား ဈေးကွက်အတွင်း တရားဝင်ရောက်ရှိရန် China Eastern Airlines နှင့် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း(COMAC) တို့ကြား လေယာဉ်ငါးစင်း ဝယ်ယူရန်အတွက် မတ် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်အသစ်များကို ရှန်ဟိုင်းမှ ပေကျင်း၊ ကွမ်ကျိုး၊ ဆန်းကျန့်နှင့် ချိန်တူး စသည့်လမ်းကြောင်းခရီးစဉ်များ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း လေကြောင်းကုမ္ပဏီက ပြောခဲ့သည်။ China Eastern Airlines လေကြောင်းလိုင်းအနေဖြင့် C919 ထုတ်လုပ်မှုစတင်စဉ်ကတည်းက နက်နက်ရှိုင်းရှိုင်း ပါဝင်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် C919 က COMAC နှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာ့ပထမဆုံး C919 လေယာဉ် အသုံးပြုသည့် လေကြောင်းလိုင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ပထမဆုံးကိုယ်တိုင်ထုတ်လုပ်သော C919 လေယာဉ်တွင် ထိုင်ခုံ ၁၅၈-၁၇၄ နေရာပါရှိပြီး ၄,၀၇၅ မှ ၅,၅၅၅ ကီလိုမီတာ ထိ ပျံသန်းနိုင်ကြောင်း၊ ပွဲဦးထွက်ပျံသန်းမှုကို ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)