CPPCC နှင့် NPC နှစ်ပတ်လည် အစည်းအဝေးများမှ ဆောင်ကြဉ်းလာမည့် အခွင့်ကောင်း ဆိုင်ရာ အပေါ် ကမ္ဘာက မည်သည့် မျှော်လင့်ချက်များ ထားရှိသလဲ

2021-03-05 11:30:21 |သတင်းအရင်းအမြစ် CRI

တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးသည် တရုတ်ပြည်၏ မူဝါဒ ဆိုင်ရာ အချက်များ ပြသသည့် ပလက်ဖောင်းဖြစ်ပြီး ကမ္ဘာက တရုတ်ပြည်ကို လေ့လာရန်အတွက် အရေးကြီး ပြတင်းပေါက်လည်း ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သည့် နှစ် ၁၀၀ ပြည့်မြောက်နှစ်နှင့် တရုတ် ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း၏ ပထမနှစ် ဖြစ်၍ ယခုနှစ် အစည်းအဝေး ၂ ခုမှ မူဝါဒများ ချမှတ်ခြင်းသည် ပိုပြီး အရေးကြီးကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်သည့် ယနေ့ခေတ်တွင် ၎င်းအရေးကြီးပုံသည် တရုတ်ပြည်အတွက်သာ မဟုတ်ဘဲ ကမ္ဘာ့အတွက်လည်း ထူးခြားသည့် အနက်အဓိပ္ပါယ်ရှိကြောင်း China Media Groupက ဖော်ပြသည်။

“လျာထားချက်ကို ကျော်လွန်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိခြင်း”သည် ၂၀၂၀ ပြည့်နှစ် တရုတ် စီးပွားရေး အခြေအနေအပေါ် နိုင်ငံခြားမီဒီယာများ၏ ဝေဖန်သုံးသပ်ချက်ဖြစ်ကြောင်း၊ ရှုပ်ထွေးတင်းမာခက်ခဲနေ သေးသည့် စီးပွားရေးအခြေအနေကို ရင်ဆိုင်နေရသော ကမ္ဘာက “တရုတ်တွန်းအားပေးမှု”သည် ကမ္ဘာ့ အတွက် အားကောင်းသည့် တွန်းအားပေးမှုကို ဆက်တိုက်ဖော်ဆောင်ပေးရန် မျှော်လင့်ကြောင်း၊ လွန်ခဲ့ သည့် နှစ်များနှင့် အလားတူပင် ယခုနှစ် အစည်းအဝေး ၂ ခုတွင် အစီရင်ခံမည့် အစိုးရလုပ်ငန်း အစီရင်ခံစာ၌ ယခုနှစ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ချမှတ်ရေးနှင့် လက်တွေ့ ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ဖော်ပြမည် ဖြစ်ကြောင်း၊ ထို့အပြင် ယခုနှစ် အစည်းအဝေး ၂ ခု၏ အခြားအရေးကြီး အချက်အလက်တစ်ခုမှာ လာမည့် ၅ နှစ်နှင့် ၁၅ နှစ်အတွင်း တရုတ်စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွန်ပေးရေးအတွက် ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်းနှင့် ၂၀၃၅ ခုနှစ် ရေရှည်ရည်မှန်းချက် အကျဉ်းချုပ် မူကြမ်းကို စိစစ်ဆွေးနွေးရန် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။ ယင်းအချက်အလက် ၂ခု အပေါ် အများတကာ အာရုံအစိုက်ဆုံးဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်၏ မက္ကရို မူဝါဒသည် ဆက်တိုက်ကျင့်သုံးမှု၊ တည်ငြိမ်မှုနှင့် ဆက်တိုက် ဆောင်ရွက်နိုင်မှုများကို ထိန်းသိမ်းထားပြီး မူဝါဒ ကျင့်သုံးရာတွင် ပိုမိုများပြားသော ဦးတည်ပစ်မှတ်ထား ခြင်းဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်မည်ဟု ခန့်မှန်းရကြောင်း၊ တံခါးဖွင့်မှု၊ ဆန်းသစ်တီထွင်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု နယ်ပယ်များနှင့်ပတ်သက်၍ အစည်းအဝေး ၂ ခုမှ အချက်ပြလိုက် ခြင်းသည် ကမ္ဘာ့အတွက် ပိုမိုများပြားသော အတူ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်ကောင်းများကို ဖန်တီး ပေးမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

လက်ရှိအချိန်တွင် တရုတ်ပြည်သည် ပြည်တွင်းလည်ပတ်ခြင်းကို အဓိကထား၍ ပြည်တွင်းနှင့် ပြည်ပ လည်ပတ်ခြင်း ၂ မျိုးအကြား အပြန်အလှန် တိုးမြှင့်သည့် ဖွံ့ဖြိုးရေးစနစ်သစ်ကို ဖြစ်တည်စေရန် အရှိန်မြှင့် ဆောင်ရွက်ပြီး ပိုမိုများပြားသည့် နယ်ပယ်များတွင် တံခါးဖွင့်မှုကို ပိုမိုနက်ရှိုင်းစွာ တိုးချဲ့ ကျင့်သုံးနေကြောင်း China Media Groupက ဖော်ပြသည်။

ရှင်းလင်းပြတ်သားသော ရည်မှန်းချက်နှင့် စေ့စပ်သေချာသော စီမံကိန်းချမှတ်ခြင်း ရှိသည့် တရုတ်ပြည် သည် ကမ္ဘာအတွက် ရခဲသော တည်ငြိမ်စေရေး အင်အား ဖြစ်သည်မှာ မုချမလွဲ ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။