တရုတ်က ပိုမိုကျယ်ပြန့်သော၊ နက်ရှိုင်းသော တံခါးဖွင့်ရေးကို လက်တွေ့ဖော်ဆောင်မည်ဟု လီခချန်းဆို

2021-03-05 19:15:03 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခချန်းသည် ယခုလ ၅ ရက်နေ့က အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်ပြရာတွင် တရုတ်နိုင်ငံသည် ပိုမိုကျယ်ပြန့်သော၊ နက်ရှိုင်းသော တံခါးဖွင့်ရေးကို လက်တွေ့ဖော်ဆောင်ပြီး နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုကောင်းမွန်စွာ ပါဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ကြိုဆိုပြီး ၎င်းတို့အား တရုတ်၏ တံခါးဖွင့်သော စျေးကွက်ကြီးနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေမည်ဖြစ်ကြောင်း ဖော်ပြပါသည်။

လီခချန်းက ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အပြန်အလှန် တံခါးဖွင့်ရေးကို တိုးချဲ့ရန်နှင့် အပြန်အလှန်အကျိုးရှိစေရေးကို အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။