၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် စတုတ္ထအကြိမ်အစည်းအဝေးနှင့် ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပရန် အကြိုတွင် ဗြိတိန်နိုင်ငံ လန်ဒန် King's College ရှိ တရုုတ်ရေးရာ သုတေသနအကယ်ဒမီ ပါမောက္ခချုပ် Kerry Brown က သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးနှင့် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးသည် ကမ္ဘာက တရုတ်နိုင်ငံကို သိရှိနားလည်ရန်အတွက် အရေးကြီးသောပြတင်းပေါက် ဖြစ်ကြောင်း၊ နိုင်ငံတကာမိသားစုကြီးသည် တရုတ်ပြည်၏ စီးပွားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အလုပ်အကိုင် နေရာချထားရေးစသည့် ကိစ္စရပ်များအပေါ် အလွန် အာရုံစိုက်ကြသည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။