တရုတ်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံ ထုတ်ပြန်ကြေညာ

2021-03-08 13:56:18 |သတင်းအရင်းအမြစ် 新华网

မတ်လ ၅ ရက်နေ့တွင် တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေးကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး တရုတ် ဝန်ကြီးချုပ် လီခချန်းက အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံကို အစည်းအဝေးတွင် တင်ပြခဲ့ပါ သည်။ ၎င်းအစီရင်ခံဆိုင်ရာသော့ချက်များကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်--

၁။ ၂၀၂၀ ပြည့်နှစ်၏ အချို့သောအောင်မြင်မှုရလဒ်များ ပြန်လည်သုံးသပ်ခြင်း--
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းတွင် အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ပါသည်။

တစ်နှစ်လုံးတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏ(GDP)သည် ၂.၃% တိုးတက်ခဲ့ပါသည်။

လုပ်ငန်းရှင်များအတွက် ဝန်ထုတ်ဝန်ပိုးလျှော့ချရေးပမာဏသည် ၂.၆ ထရီလီယံရောက်ရှိခဲ့သည်။

မြို့ပြတွင် အလုပ်အကိုင်ရရှိမှု ၁၁.၈၆ သန်း ဖန်တီးပေးနိုင်ခဲ့သည်။

လွန်ခဲ့သောနှစ် နှစ်ဆန်းတွင် ကျန်ရစ်ခဲ့သော ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးသူဦးရေ ၅.၅၁ သန်းသည် အားလုံးမှာ ဆင်းရဲတွင်းမှ ကင်းလွတ်ခဲ့ပြီး ဆင်းရဲနွမ်းပါးခရိုင် ၅၂ ခုစလုံးအား ဆင်းရဲနွမ်းပါးမှုစာရင်းမှ ဖယ်ရှားနိုင်ခဲ့သည်။

၂၊ ယခုနှစ်၏ အဓိကပန်းတိုင်--
ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏ(GDP)အား ၆% အထက် တိုးမြှင့်မည်။

မြို့ပြတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၁ သန်းအထက် တိုးစေမည်။

ပြည်သူပြည်သားများ စားသုံးမှုစျေးနှုန်းသည် ၃% ဝန်းကျင် တိုးမည်။

ဂျီဒီပီယူနစ်တစ်ခုတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏ၏ စွမ်းအင်ကုန်ဆုံးမှုနှုန်း (Energy Consumption per Unit of GDP) အား ၃% ခန့် လျှော့ချမည်။

စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏသည် ၆၅၀ ဘီလီယံအထက် ရောက်ရှိမည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)