တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် နောက်ထပ် ပဋိပက္ခ နှင့် သွေးထွက်သံယိုမှု မဖြစ်ပွားအောင် ကာကွယ်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား

2021-03-08 17:40:24 |သတင်းအရင်းအမြစ် 新华网

မြန်မာနိုင်ငံအတွက် ချက်ချင်းဦးစားပေးလုပ်ဆောင်ရန်မှာ နောက်ထပ် ပဋိပက္ခ နှင့် သွေးထွက်သံယိုမှု မဖြစ်ပွားအောင် ကာကွယ်ရန်နှင့် အခြေအနေကို တက်နိုင်သမျှ အမြန်ဆုံး အေးငြိမ်းသက်သာအောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တင်းမာမှုများ လျော့ကျအောင် အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုမှ ပါဝင်သွားရန် အသင့်ရပ်တည်လျက်ရှိကြောင်း ဝမ်ရိက ဆိုသည်။ (Xinhua)