“ဆွေမျိုးပေါက်ဖော်သံယောဇဥ်” အတူတကွ လက်ဆင့်ကမ်းကြပါသည်။ ၂၀၂၀ ပြည့်နှစ် ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးရေးနှင့် သတင်းဖြန့်ဝေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားလုပ်ကိုင်နေပါသည်။ ဆဌမ အကြိမ်မြောက် တရုတ်တယ်ဟုန်-မြန်မာမူဆယ် ပြန်ကြားရေးဌာနညွှန်ကြားရေးမှူးချုပ်အဆင့် ဖလှယ်ရေးအစည်းအဝေးနှင့် တတိယအကြိမ်မြောက် တရုတ်-မြန်မာမီဒီယာတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
ယခုနှစ်ပိုင်းတွင် တယ်ဟုန်ပြည်နယ်ခွဲသည် ပြည်ပသို့ တံခါးဖွင့်လှစ်မှုကို ကျယ်ပြန့်စွာ မြှင့်တင်ဖော်ဆောင်လာသည်နှင့်အမျှ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဤနေရာတွင် လာရောက် နေထိုင်အလုပ်လုပ်ကိုင်ကြပါသည်။ တယ်ဟုန်ပြည်နယ်ခွဲတွင် နိုင်ငံခြားရွှေ့ပြောင်းလုပ်သားများအား ဒေသကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအကြောင်းအရာများကို အသေးစိတ် သိရှိနိုင်စေရန်အတွက် တယ်ဟုန်ပြည်နယ်ခွဲသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးသိကောင်းစရာများကို နိုင်ငံခြားဘာသာဖြင့် ဘာသာပြန်ကာ အသိပေးစာ၊ လက်ကမ်းစာစောင်များ၊ လက်ကမ်းစာအုပ်များကို ဖြန့်ဝေပေးပါသည်။ နယ်စပ်ဒေသဂိတ်ပေါက်၊ စက်မှုထုတ်လုပ်ရေးဇုန်စသည့် နိုင်ငံခြားသားများစုဝေးသည့်နေရာများတွင် အဓိကထားဖြန့်ဝေပါသည်။ ထို့ပြင် နိုင်ငံခြားသားများအား ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ကူညီပေးကာ သူတို့၏စိတ်ရိမ်ပူပန်မှုများကိုလည်း ဖြေလျော့ပေးခဲ့ပါသည်။
တယ်ဟုန်ပြည်နယ်ခွဲ ကပ်ရောဂါထိန်းချုပ်ရေးအကြောင်းကို ရှင်းလင်းသိသာစွာ ဖော်ပြရာတွင် တယ်ဟုန်ပြည်နယ်ခွဲသည် တရုတ်-မြန်မာ ကပ်ရောဂါပူးတွဲထိန်းချုပ်ရေးတေးသီချင်း ဖြစ်သည့်“တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိ၊ အတူလက်တွဲကြ”သီချင်းကို ရေးဖွဲ့ဖန်တီးကာ တင်ဆက်ထားပါသည်။ ကြည့်ရှုခဲ့သည့် ပရိသတ်ဦးရေ သန်း ၃၀၀ ရှိကာ တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူပြည်သားများ၏ ချီးကျူးမှု များစွာ ရရှိခဲ့ပါသည်။