၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံ၏ စတုတ္ထအကြိမ်အစည်းအဝေးနှင့် ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ်အစည်းအဝေး (တရုတ်အစည်း အဝေးကြီးနှစ်ရပ်) ကျင်းပသည့်ကာလတွင် မစ္စကျင်းယွင်ယင်း၊ မစ္စဖန်းရွက်စသည့် အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးကျော်သည် မတူညီသောရှုထောင့်နှင့် ကွဲပြားသောလုပ်ငန်းများမှ အလုပ်အကိုင် ရွေးချယ်ခြင်း၊ အိမ်ထောင်ရေး စသည့်ကဏ္ဍတွင် အမျိုးသမီးတို့၏ ထင်မြင်ချက်အသံများ ကို ဖော်ပြခဲ့ပါသည်။ သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေးအား ကျယ်ပြန့်စွာ ထိုးနှံနိုင်စေခြင်း၊ ကျေးလက်ဒေသတွင် မူလတန်းကျောင်းဆရာနှင့်ဆရာမ ဦးရေမညီမျှခြင်း၊ အမျိုးသမီးများက ဆုံးဖြတ်အကြံပြုချက်ပေးခွင့်ရှိသည့် အဖွဲ့အစည်းများတွင် ဖွံ့ဖြိုးတိုးတက်မှု ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေခြင်း စသည်တို့သည် သူမတို့၏ ဂရုစိုက်သည့်အကြောင်းအရာများ ဖြစ်သည်။ Yunnan gateway)