တရုတ်အင်တာနက်အမြန်နှုန်းသည် လုပ်ငန်းအသီးသီးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးနေ

2021-03-10 12:49:54 |သတင်းအရင်းအမြစ် 人民日报海外版

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ 5G ကွန်ရက်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး တရုတ်နိုင်ငံ သည် ကမ္ဘာ့အကြီးမားဆုံး 5G စျေးကွက်ဖြစ်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်အထိ၊ တရုတ်နိုင်ငံ၏ 5G ချိတ်ဆက်မှုပမာဏသည် သန်း ၂၀၀ ရောက်ရှိပြီး ကမ္ဘာတစ်ဝန်းလုံးတွင် 5G ချိတ်ဆက်မှုစုစုပေါင်းပမာဏ၏ ၈၇% အထိ ရောက်ရှိကြောင်း၊ Groupe Speciale Mobile Association ၏ ယခုရက်ပိုင်းတွင် ထုတ်ပြန် သည့် “၂၀၂၁ ခုနှစ် တရုတ် Mobile စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံ”အရ သိရှိရပါသည်။ 5G နည်းပညာ ၏ ဖြည်းဖြည်းချင်း ပြည့်စုံကောင်းမွန်လာသည်နှင့်အညီ အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေ မည့် အင်ဂျင်သစ်တစ်ခု ဖြစ်လာနိုင်ပြီး များစွာသောလုပ်ငန်းများအတွက် အကျိုးဆောင်ပေးနိုင်မည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားပါသည်။

အင်တာနက်အမြန်နှုန်းမြင့်လာခြင်းကြောင့် “အွန်လိုင်းတွင် ပွဲတော်ထောပနာပြုခြင်း” “အွန်လိုင်း ခရီးသွားခြင်း” စသည်တို့ ရေပန်းစားနေသည်။ ထို့ပြင် “5G+ ဒေတာစက်ရုံ” လုပ်ငန်း၏ အရှိန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း စားသုံးသူများ၏ ပိုပိုကောင်းမွန်သည့် စားသုံးမှုခံစားခြင်းကို ရရှိစေခဲ့သည်။ ယခုရက်ပိုင်းတွင် စားသုံးသူများသည် အလွန်အံ့သြစေသည့် အတွေ့အကြုံတစ်ခုကို ရရှိ နေပါသည်။ ၎င်းမှာ ကုန်စည်ကြိုတင်မှာယူခြင်း၊ စားသုံးသူများ၏ကြိုက်နှစ်သက်မှု အလိုက် ကုန်စည် သီးသန့်ပြင်ဆင်ပေးခြင်း စသည့်ဝန်ဆောင်မှုများသည် နံနက်စောစော မိုးလင်းခါနီးတွင် အော်ဒါမှာယူ လျှင် နံနက်ပိုင်းတွင်ပင် အိမ်တိုင်ရာရောက် လက်ခံရရှိနိုင်နေပြီဖြစ်သည်။

(သတင်းအရင်းအမြစ်၊ ပြည်သူ့နေ့စဥ်သတင်းစာပြည်ပကော်လံ။ ဘာသာပြန်၊ Yunnan gateway။ ပုံ၊ 樊甲山 王文生 丁根厚)