လွန်ခဲ့သောရက်ပိုင်းက ကျင်းပသော ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ညီလာခံ၏ စတုတ္ထအကြိမ်အစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် သတင်းထောက်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲတွင် ဝမ်ရိသည် တရုတ် “နိုင်ငံတကာခရီးသွား ကျန်းမာရေး သက်သေခံလက်မှတ်”ကို Wechat တွင် တင်ထားပြီဖြစ်ကြောင်း မိတ်ဆက်ခဲ့ပါသည်။
တရုတ် “နိုင်ငံတကာခရီးသွား ကျန်းမာရေးသက်သေခံလက်မှတ်” သည် နျူကလီယားအက်ဆစ် စစ်ဆေး ခြင်း အဖြေရလဒ်၊ သွေးရည်ကြည် immunoglobulin အဖြေရလဒ်၊ ကာကွယ်ဆေးထိုးနှံခြင်း စသည့် အထွေထွေအခြေအနေပါဝင်သော သက်သေခံလက်မှတ် ဖြစ်ပါသည်။ ကျန်းမာရေး QR code သည် နိုင်ငံဖြတ်ကျော်စစ်ဆေးရာတွင် ပိုမိုအဆင်ပြေစေပြီး နိုင်ငံတကာခရီးသွားများအတွက် ကျန်းမာသော၊ လုံခြုံသော၊ စနစ်ကျသောခရီးစဥ်ကို ဖန်တီးရန် အကျိုးဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)