တရုတ်နိုင်ငံ ပေါင်စန်းမြို့ ရှီးထျန့်ခရိုင်မှ ထွက်ရှိသော ကြက်သွန်ဖြူအား ရုရှားသို့ တင်ပို့ရောင်းချလျက်ရှိ

2021-03-12 18:21:12 |သတင်းအရင်းအမြစ် 云南网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းမြို့ ရှီးထျန့်ခရိုင် ထူကွမ်ရွာတွင် အလုပ်သမား များသည် ကြက်သွန်ဖြူဥတူးခြင်း၊ ကြက်သွန်ဖြူပင်အညှောင့်များဖြတ်ခြင်း၊ ထုတ်ပိုးခြင်း၊ ချိန်တွယ် ခြင်း၊ သယ်ယူခြင်းစသည့်အလုပ်များဖြင့် စည်ကားနေပါသည်။ ရှီးထျန့်ခရိုင်တွင် ရာသီဥတုနှင့် မြေပြင် အနေအထားသည် ကြက်သွန်ဖြူစိုက်ပျိုးရန် အလွန်ကောင်းမွန်ပြီး ၎င်းဒေသတွင် စိုက်ပျိုးသည့် ကြက်သွန်ဖြူသည် အရွယ်အစားကြီးမားခြင်း၊ အရောင်လှပခြင်း၊ အရသာကောင်းမွန်ခြင်း စသည့် အားသာချက်များ ရှိပါသည်။ စျေးကွက်သို့ စတင်တင်ပို့ရောင်းချကတည်းက ကုန်သည်များစွာကို ဆွဲဆောင်နေခဲ့သည်။
  


မိစ္စတာယန်ချွင်းရိုသည် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်မှ ကုန်သည်တစ်ဦးဖြစ်ပြီး ယခုနှစ်တွင် ရှီးထျန့်လာပြီး ကြက်သွန်ဖြူဝယ်ယူသည့် ပထမဦးဆုံးနှစ် ဖြစ်သည်။ “ဒီတစ်ကြိမ်မှာ ကျွန်တော် တန်ချိန် ၆၀၀ ဝယ်ယူဖို့ စီစဥ်ထားတယ်။ အခုထိ တန် ၁၀၀ ဝယ်ယူထားပါပြီ။ ဒီကဝယ်ယူတဲ့ ကြက်သွန်ဖြူကို ရုရှားနိုင်ငံ မော်စကိုမြို့သို့ တင်ပို့ရောင်းချမယ်။ အဲဒီဒေသခံတွေက ဒီလိုမျိုးကြက်သွန်ဖြူကို အရမ်း ကြိုက်ကြတယ်”ဟု သူက သတင်းထောက်အား ပြောပြသည်။

ရှီးထျန့်ခရိုင်မှ ထွက်ရှိသော ကြက်သွန်ဖြူသည် ရုရှားသို့ တင်ပို့ရောင်းချခြင်းအပြင်၊ အွန်လိုင်းနှင့် ဆိုင်တင်ရောင်းချခြင်း ပုံစံတို့ဖြင့် တရုတ်ပြည်တွင်းနေရာအသီးသီးသို့လည်း တင်ပို့ရောင်းချနေပါသည်။ ယခုနှစ်တွင် ရှီးထျန့်ခရိုင်တွင် ကြက်သွန်ဖြူ စိုက်ပျိုးသည့်အကျယ်အဝန်းသည် ၉၈၈.၄ ဧကရှိပြီး စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုးသည် တရုတ်ငွေယွမ် ၄၂ သန်းကျော်ရှိပါသည်။

(သတင်းအရင်းအမြစ်၊ yunnan.cn ။ ဘာသာပြန်၊ Yunnan gateway)