မတ်လ ၁၂ ရက်နေ့သည် တရုတ်နိုင်ငံ၏ ၄၃ နှစ်မြောက် သစ်ပင်စိုက်ပျိုးရေးနေ့ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် “တိုင်းပြည်စိမ်းလန်းစိုပြည်ရေးစီမံကိန်း”ကို ကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ပြီး သစ်ပင်စိုက်ပျိုးသောအကျယ်အဝန်းသည် ၆.၇၇ သန်း ဟက်တာ၊ သစ်ပင်များ ကြီးပြင်းစေရန် စောင့်ရှောက်ပေးသော အကျယ်အဝန်းသည် ၈.၃၇ ဟက်တာ၊ မြက်ခင်းကြီးတွင် မြက်ခင်း၏အမျိုးအစား ကောင်းမွန်အောင်ပြုပြင်စိုက်ပျိုးသော အကျယ်အဝန်းသည် ၂.၈၃ သန်း ဟက်တာ၊ သဲကန္တာရကာကွယ်အုပ်ချုပ်သောအကျယ်အဝန်းသည် ၂.၀၉၆ ဟက်တာ ရှိကြောင်း သက်ဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)