တယ်ဟုန်ပြည်နယ်ခွဲ၏ သဘာဝဂေဟစနစ်အကြောင်း အတူ လေ့လာရင်း COP15 ပွဲတော် ဝိုင်းဝန်းဖော်ဆောင်

2021-03-19 19:29:56 |သတင်းအရင်းအမြစ် 德宏发布

“COP15 ပွဲတော်တွင် တယ်ဟုန်ပြည်နယ်ခွဲ၏ သဘာဝမှတ်တမ်းဓာတ်ပုံ ရှာဖွေရှုစားခြင်း၊ သာယာလှပသော ရင်ကျမ်းခရိုင် အရောက်လှမ်းချီ” အောက်ချင်းငှက် မိတ်ဆက်ခြင်းအစီအစဥ်နှင့် တရုတ်နိုင်ငံ၏ အကြိမ် ၄၀ မြောက် ငှက်များမြတ်နိုးခြင်း အထိမ်းအမှတ်သီတင်းပတ် ရင်ကျမ်းငှက်ရှုစားခြင်း တရုတ်ခရီးစဥ်လှုပ်ရှားမှုကို ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျမ်းခရိုင် ထိုက်ဖိန်မြို့နယ် ရှီထီကျေးရွာတွင် ကျင်းပခဲ့ပါသည်။

၎င်းလှုပ်ရှားမှုတွင် အဆိုပြုချက်များကို ဖတ်ကြားပြီး စာအုပ်လှူဒါန်းခြင်းအခမ်းအနားနှင့် ကျုံစန်တက္ကသိုလ်(Sun Yat-sen University) သဘာဝဂေဟဆိုင်ရာ ကောလိပ်၊ တယ်ဟုန်ပြည်နယ်ခွဲ သစ်တောနှင့်မြက်ခင်းညွှန်ကြားရေးမှူးဌာနတို့ “ငှက်မျိုးစုံ သုတေသနစခန်း”ဆိုင်းဘုတ်တင်အခမ်းအနား ကို ကျင်းပခဲ့ပါသည်။

“တယ်ဟုန်ပြည်နယ်ခွဲ၏ သဘာဝမှတ်တမ်းဓာတ်ပုံ ရှာဖွေရှုစားခြင်း၊ သာယာလှပသော ရင်ကျမ်းခရိုင် အရောက်လှမ်းချီ” တယ်ဟုန်ပြည်နယ်ခွဲမှ COP15 ပွဲတော် ဝိုင်းဝန်းဖော်ဆောင်ခြင်း ပရဟိတဟောပြောပွဲတွင် တရုတ်နိုင်ငံ ဒေသအသီးသီးမှ သဘာဝရိုက်ကူးရေးဓာတ်ပုံဆရာနှင့် တယ်ဟုန်ပြည်နယ်ခွဲ ဒေသခံဓာတ်ပုံဆရာ၊ ကျောင်းဆရာနှင့်ကျောင်းသူကျောင်းသားတို့သည် အတူတကွ ဆုံဆည်းကာ တယ်ဟုန်ပြည်နယ်ခွဲမှ သဘာဝထိန်းသိမ်းကာကွယ်ရေးဖြင့် ဆင်းရဲနွမ်းပါးမှုလေျှာ့ချရေး အကြောင်း သိရှိလေ့လာကာ သဘာဝလောက၏ သဟဇာတအလှတရားကိုအတူရှုစားကြပါသည်။

ယင်းပရဟိတဟောပြောပွဲတွင် တယ်ဟုန်ပြည်နယ်ခွဲ ဒေသခံသဘာဝ ဂေဟရိုက်ကူးရေး ဓာတ်ပုံဆရာ ကျိန်စန်ဟော်သည် တရုတ်အုပ်စု အကြီးဆုံးသော မျောက်မျက်ကွင်းဖြူအား ရှာဖွေစုံစမ်းကာ ထိန်းသိမ်းကာကွယ်ရေးအကြောင်း၊ “တရုတ်အောက်ချင်းငှက်ချိုင့်ဝှမ်း”သို့ တောတွင်းစွန့်စားမှု ပြုလုပ်ကာ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ သဘာဝအလှတရားအကြောင်းကို ပြောပြပါသည်။ ပါဝင်တက်ရောက်သော ဧည့်သည်များအား ယခုနှစ်ပိုင်းအတွင်း တယ်ဟုန်ပြည်နယ်ခွဲ သဘာဝထိန်းသိမ်းကာကွယ်ရေးနှင့် သိမ်မွေ့သော ယဥ်ကျေးမှု တည်ဆောက်ရေးစသည်တို့ကိုလည်း ကျိန်စန်ဟော်က ဆက်လက်ပြောပြပါသည်။

ရင်ကျမ်းခရိုင် ထိုက်ဖိန်မြို့နယ် တာ့ဂူတီကျေးရွာမှ ရွာသားရှောင်ချိုင်ဝူသည် တယ်ဟုန်ပြည်နယ်ခွဲတွင် သဘာဝငှက်ရှုစားခြင်းခရီးသွားလာရေးလုပ်ငန်းဖြင့် ဆင်းရဲနွမ်းပါးမှုပပျောက်စေကာ မျက်စိပွင့်သော ပထမဆုံး ရွာသားဖြစ်ပါသည်။ ယခုနှစ်ပိုင်းက ဇာတိရွာသူရွာသားတို့၏ ဖြစ်စဥ်များဖြင့် သူသည် သဘာဝထိန်းသိမ်းကာကွယ်ရေးနှင့် သိမ်မွေ့သော ယဥ်ကျေးမှုတည်ဆောက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရေးအကြား ချိတ်ဆက်မှုနှင့် တယ်ဟုန်ပြည်နယ်ခွဲ၏ အတွေ့အကြုံများဖော်ပြလိုက်ပါသည်။

ယခုအကြိမ် ပရဟိတဟောပြောပွဲကို တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန၊ တယ်ဟုန်ပြည်နယ်ခွဲ သစ်တောနှင့်မြက်ခင်းညွှန်ကြားရေးမှူးဌာနနှင့် ပေကျင်းငှက်ရှုစားဝါသနာသူများ အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက် (Beijing Birdfans International Co. Ltd.)တို့ အတူတကွ ဦးစီးကျင်းပခြင်းဖြစ်ပါသည်။ ဦးစီးကျင်းပသူကမူ တရုတ်နိုင်ငံ နာမည်ကျော်ကြားသော သဘာဝဓာတ်ပုံဆရာ၊ သာယာလှပသော တယ်ဟုန်ပြည်နယ်ခွဲမိတ်ဆက်ပေးသူ စွန်ရှောင်ဟုန် ဖြစ်ပါသည်။ ယခုနှစ်ပိုင်းတွင်သူသည် ပေကျင်းမြို့နှင့် တယ်ဟုန်ပြည်နယ်ခွဲအကြား အကြိမ်ပေါင်းများစွာ သွားလာခဲ့ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အလုပ်ကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိနေပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ ငှက်ရှုစားခြင်း ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် စွန်ရှောင်ဟုန်ကသဘာဝဂေဟဆိုင်ရာ ရိုက်ကူးရေး ဆုအတွက် ဆုငွေတရုတ်ယွမ် ၁ သိန်းလှူဒါန်းခဲ့ပါသည်။