ပျော်ရွှင်ခြင်းတရားက တံခါးလာခေါက်ခြင်း--ဘကြီးလျို၏ “အဆင့်တက်ခြင်းမှတ်တမ်း”

2021-03-19 19:39:52 |သတင်းအရင်းအမြစ် 新华网

လျိုချင့်ကျိကို ရွာသားတွေက “ဘကြီးလျို”ဟုခေါ်လေ့ရှိသည်။ ဒီနှစ်တွင် (၈၅)နှစ်ပြည့်ပြီဖြစ်ပြီး ရှမ်းရှီးပြည်နယ် လျွီလျန်မြို့ ဖန်ရှမ်းခရိုင် ယွီခိုမြို့နယ်ရှီကျားမောင်ရွာမှ ဒေသခံလယ်သမား တစ်ဦး ဖြစ်သည်။ တောင်တန်းဒေသဖြစ်သော ရှီကျားမောင်ရွာသည် တောင်တန်းများမက်‌စောက်ပြီး ခြောက်သွေ့ကာ မိုးရေနည်းသည်။ ရွာသားများသည် မိုးအခြေအနေကို မှီခိုနေထိုင်ကြသည်။ ထိုနေရာတွင် ဘကြီးလျိုသည် နွားတစ်ကောင်မွေးထားပြီး မြေ(၁၀)ဧကကျော်ရှိ လယ်ကွင်းတွင် လယ်စိုက်သည်။ သူသည် မည်းမှောင် သော ဂူထဲတွင်နေထိုင်ပြီး ဆားငံရေသောက်ကာ အသက်ရှင်နေထိုင်သည်။ မည့်သည့်အချိန် အိမ်အသစ် ဆောက်နိုင်မည်ဆိုသည်မှာ ဘကြီး၏ အကြီးမားဆုံးသောဆန္ဒပင် ဖြစ်သည်။


၂၀၁၈ ခုနှစ်တွင် “ကမ်းတစ်ဖက်မှ ရေမြေသြဇာသည် ကမ်းတစ်ဖက်ရှိလူတွေ မထောက်ပံ့နိုင်” ဟူသော ပြဿနာကိုဖြေရှင်းရန် ယွီခိုမြို့နယ်တွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ရပ်ကွက်ကို တည်ထောင်ခဲ့သည်။ (၆)ထပ်တိုက်အဆောက်အဦး(၁၀)ခုကို စီစီရီရီဆောက်ထားသည်။ အခန်းများလည်း သန့်ရှင်းပြီး အလင်း ဝင်ကောင်းသည်။ ဘကြီးလျိုလည်း ဂူထဲတွင် နေရသည့်ဘဝမှ လွတ်မြောက်ပြီး အိမ်အသစ်ရှိပြီဖြစ် သည်။ အိမ်အသစ်တွင် ဆေးကုသခြင်းများ၊ အသွားအလာ လွယ်ကူသွားသည့်အပြင် လှုပ်ရှားမှုစင်တာ၊ နေ့ပိုင်းကြည့်ရှုစောင့်ရှောက်ရေးစင်တာ၊ စတိုးဆိုင်၊ ဈေးဆိုင် စသည့်လူနေမှုအဆောက်အဦး အားလုံး တစ်နေရာတည်းတွင်ရှိနေပါသည်။

ယခုအချိန်တွင် အိမ်သစ်သို့ရောက်လာသည်မှာ (၂)နှစ်ကျော်ရှိပြီဖြစ်သည်။ ဘကြီးလျို၏ လူနေမှု ပုံစံမှာလည်း များစွာပြောင်းလဲသွားသဖြင့် အထူးကျေးဇူးတင်လျက်ရှိသည်။ ဖန်ရှမ်းခရိုင် ယွီခိုမြို့နယ်မှ ရွာ(၁၈)ခုရှိ ရွာသားပေါင်း(၂၀၀၀)ကျော်မှာ ဘကြီးလျိုကဲ့သို့ပင် တောင်ပေါ်နေထိုင်မှုပုံစံကို ခွဲခွာခဲ့ပြီး လူနေမှုပုံစံသစ်ဖြင့် ဘဝအသစ်စတင်ခဲ့ပြီဖြစ်သည်။

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)