စည်ကားသိုက်မြိုက်သော “လူမဲ့”နွေဦးကောက်စိုက်လုပ်ငန်းဆောင်ရွက်နေ

2021-03-22 18:07:27 |သတင်းအရင်းအမြစ် 新华网

လူတွေလုံ့လဝီရီယရှိရင် နွေဦးရာသီရောက်တာမြန်တယ်၊ လယ်ကွင်းမှာ ကောက်စိုက်သမားတွေ အလုပ် ရှုပ်နေကြတယ်။ ဆင်ဟွာသတင်းဌာနမှ ထောင်ထောင်မောင်းမောင်း ရှောင်ကော်ကော် (အစ်ကိုလေး)က လယ်သမား ဦးကြီးတွေကို ကူလုပ်ပေးဖို့ လယ်ကွင်းထဲရောက်လာတယ်။

အဝတ်အစားတွေလဲပြီး အင်္ကျီလက်စကိုအပေါ်လိမ့်တင်လိုက်ပြီး အလုပ်တွေ စလုပ်တော့မယ်ပေါ့။

NO~NO~NO

ကျမ်းရှီးပြည်နယ် နမ်ချမ်းခရိုင် ကျန်ရှမ်းမြို့နယ်မှ တာထျန်လယ်ခင်း၏ နွေဦးကောက်စိုက်လုပ်ငန်း မှာ “မျက်နှာကို မြေပြင်ဘက်လှည့် ကောင်းကင်ကို ကျောပေးထားတဲ့” မြင်ကွင်းမျိုးမရှိတော့ပေ။ အဆိုပါ ဧကပေါင်းသောင်းချီရှိသော လယ်ခင်းပြင်မှာ လူမဲ့ကောက်စိုက်လုပ်ငန်း စတင်အကောင် အထည်ဖော်နေပြီ ဖြစ်သည်။

လူမဲ့ကောက်စိုက်စက်မှာ တရုတ်ဧရိယာယူနစ် (၁)မူလျှင် (၀.၁၆ ဧကခန့်) အလုပ်လုပ်ရန် (၇) မိနစ် သာ လိုတော့သည်။ လူမဲ့ မျိုးစေ့ကြဲစက် တစ်နေ့လျှင် တရုတ်ဧရိယာယူနစ် (၄၀၀)မူတိုင်း (၆၅.၈၉ ဧကခန့်) မျိုးစေ့ကြဲနှုန်းကို လုပ်ဆောင်နိုင်သည်။ လူမဲ့အပင်ထိန်းသိမ်းရေးစက်မှာ တစ်မိနစ် လျှင် တရုတ်ဧရိယာ ယူနစ် (၂)မူ (၀.၃၃ ဧကခန့်)ရှိသော လယ်ခင်းကို အလုပ်လုပ်ပေးနိုင်သည်။

ဒီဂျစ်တယ်စနစ်ထိန်းချုပ်ရေးစနစ်တွင် စက်ကိရိယာအားလုံး၏ လုပ်ဆောင်နှုန်းအချက်အလက်များ အားလုံးကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ကျန်းရှင်းပြည်နယ်၏ ပထမဆုံးသော “ဧကသောင်း ကျော်ရှိသော စမတ်လယ်ကွင်း” အနေဖြင့် လယ်ကွင်းများကို သတ်မှတ်နှုန်းမြင့်ထားသည့် လည်ပတ် ရေးစနစ်၊ စက်ယန္တရားအသုံးပြုသော ထုတ်လုပ်ရေးစနစ်၊ ဒီဂျစ်တယ်ထိန်းချုပ်မှုပုံစံတို့ကို အသုံးပြု နေသဖြင့် တရုတ်ဧရိယာယူနစ် မူပေါင်း သောင်းကျော်ရှိသော (၁၆၄၇.၄ ဧကခန့်) လယ်ကွင်းကို လူ(၂၆)ဦးတည်းဖြင့်ပင် စိုက်ပျိုးရေး လုပ်ဆောင်နိုင်ပြီဖြစ်သည်။

(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)