တရုတ်နိုင်ငံ ယူနန်ပြည်နယ် မီလက်မြို့ ကျိုယွမ်မြို့နယ်၏ လက်မှုပညာဖြင့် ကြံသကြား ထုတ်လုပ်ခြင်းသည် နှစ်ပေါင်းရာချီ သမိုင်းရှိပြီး ထုတ်လုပ်သည့်သကြားသည် အရသာကောင်းမွန်ခြင်း၊ အရောင်လှပခြင်းနှင့် မွှေးရနံ့ရှိခြင်းစသည်တို့ကြောင့် စျေးကွက်တွင်ရေပန်းစား ရောင်းကောင်းနေပါသည်။ ရိုးရာလက်မှုနည်းပညာဖြင့် သကြားထုတ်လုပ်မှုတွင် ကြံပင်စိုက်ပျိုးခြင်း၊ ကြံရည်ထုတ်ယူခြင်း၊ ကြံရည် အတွင်း အရည်ဖယ်ရှားခြင်း၊ ပုံဆောင်ခဲဖြစ်စေခြင်း စသည့်အစီအစဥ်အတိုင်းတွင် တင်းကျပ်သော တောင်းဆိုချက်များရှိနေကြသည်။
ကျိုယွမ်မြို့နယ် ကျိုယွမ်ရွာမှ ရွာသားဖြစ်သူ ထန်ချောင်ယို၏ သကြားထုတ်လုပ်မှုအလုပ်ရုံသည် ယခုနှစ် ဇန်နဝါရီလမှစတင်ပြီး သကြားထုတ်လုပ်စဉ်ကတည်းက ယခုအထိ ကြံသကာတန်ချိန် ၂၀ ၊ သကြားခဲ ၂ တန်ကို ထုတ်လုပ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ ဟေးလုံကျန်း၊ ကျက်ကျန်းနှင့် ကွမ်တုံးစသည့်ပြည်နယ်သို့ ကျယ်ပြန့်စွာ ပို့ဆောင်ရောင်းချနေပါသည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန ၊ ဘာသာပြန်၊ Yunnan gateway)