ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်သော ကုန်တင်ကားများသည် အဆက်မပြတ်ဝင်ထွက်ကာ အလုပ်များနေသကဲ့သို့ အလုပ်သမားများကလည်း ကုန်တင်ကုန်ချခြင်း၊ အချောကိုင်ထုတ်လုပ်ခြင်းဖြင့် အလုပ်များနေကြပါသည်။ နောက်တစ်ရက်တွင် ၎င်းဟင်းသီးဟင်းရွက်များကို ပင်လယ်ရပ်ခြား စျေးကွက်သို့ ပို့ဆောင်မည်ဖြစ်ပါသည်။
အဆိုပါမြင်ကွင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့ ထုံးဟိုင်ခရိုင် ကောင်းယွမ် လယ်ယာထွက် ကုန်ကုမ္ပဏီ (အောက်တွင် ကောင်းယွမ်ဟုသုံးစွဲမည်) တွင် နေ့စဥ်နေ့တိုင်းတွေ့မြင်နိုင်သော ပုံမှန်မြင်ကွင်း ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ကောင်းယွမ်ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစတင်ပြီး ဟင်းသီးဟင်းရွက်မျိုး စေ့သစ် ရွေးချယ်မွေးထုတ်ခြင်း၊ ရေခန်းခြောက်အောင်ပြုပ်ခြင်းဖြင့် မုန်လာဥမျှင်ခြောက်ပြုလုပ်ခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း စသည့်လုပ်ငန်းစဉ်များကို ရည်ရွယ်ဆောင်ရွက်နေပါသည်။
၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ထိရောက်မှုကြောင့် ဟင်းသီးဟင်းရွက်များ နိုင်ငံခြားသို့ တင်ပို့ခြင်းမှာ ထိခိုက်မှုရှိခဲ့သော်လည်း ကောင်းယွမ်သည် ပြည်ပစျေးကွက်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်သည့်အပြင် ပြည်တွင်းစျေးကွက်ကိုပါ တိုးချဲ့နိုင်ခဲ့ရာ တစ်နှစ်လုံးဝင်ငွေ ယွမ် သန်း ၇၂၀ ရရှိခဲ့ပါသည်။ ထို့ပြင်၊ ၂၀၂၀ ပြည့်နှစ်တွင် ၎င်းကုမ္ပဏီသည် “the Belt and Road”၏ အခွင့်အလမ်းကို အမှီပြုပြီး အရှေ့တောင်အာရှ တောင်အာရှစျေးကွက်သို့ ဝင်ရောက်ခဲ့သကဲ့သို့ မုန်လာဥမျှင်ခြောက်၊ ဆလတ်ပြားခြောက် စသည့် ရေခန်းခြောက်အောင်ပြုပ်ခြင်းဖြင့် ဟင်းသီးဟင်းရွက်များကို ကုန်ချောထုတ်ကာ ဥရောပ၊ အမေရိကန်၊ အာဖရိကနှင့် ယူအေအီးနိုင်ငံများ စသည့်နိုင်ငံနှင့်ဒေသသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။(Yunnan gateway)