တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့၏ ကျိုလုံစက်မှုဇုန်တွင် သက်တမ်းနှစ်ပေါင်း ၃၀ ခန့်ရှိသော ကုမ္ပဏီ လုပ်ငန်းတစ်ခုရှိပြီး ၎င်းသည် ယူနန်ပြည်နယ် Mouthdoleak အုပ်စုကုမ္ပဏီဖြစ်ကာ သဘာဝ မန်ကျဥ်း ဖြင့်ပြုလုပ်သော ချိုချဥ်ဖြင့် နာမည်ကျော်ကြားလှပါသည်။
Mouthdoleak သည် ယူနန်ပြည်နယ်တွင် နာမည်ကျော်ကြားသော ချိုချဥ် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်းသည် တိုင်လူမျိုး၏ဘာသာစကားဖြစ်ကာ မူလအဓိပ္ပါယ်သည် ရုပ်ရည်ချောမောသော၊ ရွှင်ရွှင် လန်းလန်းရှိသောလူငယ်ဖြစ်သည်။ ယွီရှီး ကျိုလုံစက်မှုဇုန်ရှိ အဆိုပါ Mouthdoleak အုပ်စုကုမ္ပဏီသည် ယခုအချိန်တွင် နှစ်စဥ် ချိုချဥ် အလေးချိန် ၂ တန် ထုတ်လုပ်နိုင်သည့် အဓိကစက်မှုလုပ်ငန်းဖြစ်လာ ပါသည်။
အန္တရာယ်ရှိဓာတုပစ္စည်း လုံးဝမသုံးဘဲ မန်ကျဥ်း၏ မူလအရသာ ပျက်စီးမှုမရှိအောင် ထိန်းသိမ်း ခြင်းသည် Mouthdoleak အုပ်စုကုမ္ပဏီမှ အမြဲတမ်းလိုက်နာ အကောင်အထည်ဖော်သော ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း Mouthdoleak အုပ်စုကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ မစ္စတာ စုန့်ကြည်ပေါမှ မိတ်ဆက် ပေးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် Mouthdoleak အုပ်စုကုမ္ပဏီ၏ စိုက်ပျိုးရေးစခန်းတာဝန်ခံ မစ္စတာ ကျန်းကျုံးချောင် သည် ယွီရှီးမြို့ ရှင်းဖျင်ခရိုင် မန်ရှာမြို့နယ် တာ့မန်ရှန်ရွာတွင် ပထမဦးဆုံးမန်ကျည်းပင်ကို စိုက်ပျိုးခဲ့သည်။ ထိုအချိန်မှစတင်ပြီး ယင်းဒေသတွင် မန်ကျည်းစိုက်ပျိုးခြင်းကဏ္ဍကို ဖွင့်လှစ်ပေးခဲ့ သည်။
“အရင်က ကျွန်တော်တို့ ရွာထဲကို မန်ကျည်းဝယ်ဖို့ရောက်ခဲ့တယ်။ ရွာသူရွာသားတွေက မန်ကျည်းကို တန်ဖိုးမရှိဘူးလို့ ယူဆပြီး ကြိုက်သလိုယူသွားပါလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။” Mouthdoleak အုပ်စုကုမ္ပဏီ၏ ဝယ်ယူမှုတာဝန်ခံ မစ္စတာလီယိုတုံး မှဆိုသည်။ ယခုအချိန်တွင် ကုမ္ပဏီသည် “ကုမ္ပဏီ+သုတေသနဌာန+စခန်း+လယ်သမား”ဖြစ်သည့် ပူးပေါင်းဆောင်ရွက်ပုံစံဖြင့် ၃၂၉၄.၇ ဧက ကျယ်ဝန်းသော မန်ကျည်းနှင့်နွယ်နီနတ်ပန်းပင်ကို စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ၎င်းရွာ၏ ဆင်းရဲနွမ်းပါး မိသားစု ၃၀၀၀ ကျော်ကို ဆင်းရဲမှုမှ ကင်းလွတ်စေနိုင်ခဲ့ပါသည်။(Yunnan gateway)