ယူနန်နှင့်မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (၅)နှစ်ပြည့်တွင် ရလဒ်ကောင်းများစွာရရှိ

2021-03-26 18:26:06 |သတင်းအရင်းအမြစ် 云南日报

မတ်လ(၂၃)ရက်နေ့သည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု(၅)နှစ်ပြည့်သည့် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ရေးစနစ်သစ် စတင်သည့်အချိန်ကစပြီး ပညာပေး မွေးထုတ်ကာလ၊ လျင်မြန်စွာတိုးချဲ့ကာလများကို ဖြတ်သန်းခဲ့ပြီး ယခုအခါ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အဆင့်အသစ်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ကျွန်တော်တို့ယူနန်ပြည်နယ်သည် ပထဝီတည်နေရာ၊ လူနေမှု၊ ယဉ်ကျေးမှုစသည့်အားသာချက်များကို ပြည့်ဝစွာအသုံးချပြီး လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးကို စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြင်ပကမ္ဘာသို့ တံခါးဖွင့်လှစ်သည့် အထွေထွေဖွဲ့စည်းမှုထဲသို့ ပါဝင်ရောက်ရှိနိုင်အောင် လုပ်ဆောင် ခဲ့ပါသည်။ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး၏ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးနှင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးယဉ်ကျေးမှု စသည့် “မဏ္ဍိုင်ကြီးသုံးရပ်”ကိုဝိုင်းရံကာ နယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးနိုင်သော၊ အဓိကထုများစွာ ပါဝင်နိုင်သော၊ အဆင့်အသီးသီးတို့ အပြန်အလှန် တုံ့ပြန်လုပ်ဆောင်နိုင်သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်‌ရေး 3D စင်မြင့်ကို တည်ဆောက်ခြင်းဖြင့် သိသာထင်ရှားသော အကျိုးရလဒ် ကောင်းများရရှိ ခဲ့ပါသည်။

ပြီးခဲ့သည့်(၅)နှစ်တာကာလအတွင်း အခြေခံအုတ်မြစ်များတည်ဆောက်ပြီး အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေကာ ပေါ်လစီ ဆက်သွယ်ရေးများ ဆက်လက်မြှင့်တင်နေပါသည်။ ယူနန်ပြည်နယ်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက တျမ်(ယူနန်)တွင် ကျင်းပသည့် လန်မဲပူး‌ပေါင်း ဆောင်ရွက်ရေး၏ ပထမနှင့် တတိယအကြိမ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အသီးသီးတက် ရောက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကျွန်တော်တို့ပြည်နယ်မှ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက် ရေး တရုတ်နိုင်ငံအတွင်းဝန်ရုံး ယူနန်ဆက်သွယ်ရေးရုံးခန်းကို တည်ထောင်ခဲ့သည်။ ပြည်နယ်အဆင့်တွင် တည်ဆောက်သည့် ပထမဆုံးနှင့် တစ်ခုတည်းဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးဌာန ဖြစ်လာခဲ့သည်။ ထို့အတူ လန်ချန်း-မဲခေါင်အသက်မွေးဝမ်းကျောင်း ပညာပေးအခြေစိုက်စခန်း၊ လန်ချန်း-မဲခေါင်အထွေထွေတရားဥပဒေစိုးမိုးရေးလုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ လန်ချန်း-မဲခေါင် ပတ်ဝန်းကျင်ပူးပေါင်းဆောင်ရွက်ရေး ယူနန်စင်တာ၊ လန်ချန်း-မဲခေါင်နိုင်ငံတော်အဆင့်မြင့် ပညာရေး မဟာမိတ် စသည်တို့ကို ယူနန်တွင် အခြေချနိုင်ရန်လည်း တွန်းတင်လုပ်ဆောင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် မတ်လတွင် တျမ်(ယူနန်)-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ တည်ထောင်ခြင်းဖြင့် ကျွန်တော်တို့ပြည်နယ်သည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် နယ်စပ်အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး စနစ် အပြည့်အဝလွှမ်းခြုံလုပ်ဆောင်မှု အောင်မြင်ဖြစ်မြောက်နိုင်ခဲ့ပါသည်။

ပြီးခဲ့သည့်(၅)နှစ်တာကာလအတွင်း အဆင်ပြေစေခြင်းကို ဝိုင်းရံကာ အခြေခံအဆောက်အအုံများ ဆက်သွယ်ရေးကို အင်တိုက်အားတိုက် ဆက်လက်ဖြည့်စွက်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ တွင် တရုတ်ယူနန်နှင့်လာအို ပူးတွဲရင်းနှီးဆောက်လုပ်သည့် လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမှ တရုတ်-လာအိုနယ်စပ် မော်ဟန်မော်တင် နယ်စပ်ဂိတ်သို့ ဖြတ်သန်းသွားလာသည့် အမြန်လမ်း ဗီယင်ကျန်းမှ ဗန်ဗီယင်အပိုင်း ဆောက်လုပ်ပြီးစီးပြီး ကားများစတင်ဖြတ်သန်းသွားလာနိုင်ခဲ့ပါသည်။ တရုတ်-လာအို သံလမ်းသည် ယခုနှစ်ကုန်တွင်းပိုင်းတွင် ဆောက်လုပ်ပြီးစီးကာ စတင်ပြေးဆွဲမည်ဖြစ်သည်။ တရုတ်-ဗီယက်နမ်ရထားသံလမ်း ဆောက်လုပ်ရေးများသည်လည်း အဆက်မပြတ် တွန်းတင်လုပ်ဆောင်လျက် ရှိပါသည်။ ယခုအခါ တစ်ပြည်နယ်လုံးမှ မဲခေါင်မြစ်ဝှမ်းနိုင်ငံများသို့ သွားလာသည့် နိုင်ငံတကာ လေကြောင်းလိုင်း (၄၀)ကျော်ရှိပြီး ယူနန်သည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် လျှပ်စစ်စွမ်းအင်၊ ဆက်သွယ်‌ ရေး စသည့်နယ်ပယ်များ၏ အပြန်အလှန်ချိတ်ဆက်မှုသည်လည်း တိုးတက်မှုများစွာ ရရှိနေပါသည်။

ပြီးခဲ့သည့်(၅)နှစ်တာကာလအတွင်း ကုန်သွယ်ရေးစည်ကားမှု၊ ပူးပေါင်းဆောင်ရွက် အကျိုးတူ အောင်မြင်မှုကို အဆက်မပြတ်တွန်းတင်နေသည်။ ၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါပြန့်ပွားမှု၊ ကမ္ဘာ့စီးပွားရေး နိမ့်ပါးမှု၏ နောက်ခံအောက်တွင် ကျွန်တော်တို့ပြည်နယ်သည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် ကုန်သွယ် စီးပွားရေးသည် ဆန့်ကျင်ဘက်အားဖြင့် တိုးတက်မှုများ ရရှိလျက်ရှိသည်။ သွင်းကုန်ထုတ်ကုန် ကုန်သွယ် ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၁၆.၀၄ ဘီလီယံ ရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက (၃.၇%) တိုးမြှင့်လာသည်။ တရုတ် (ယူနန်)နိုင်ငံတကာကုန်သွယ်ရေး “တစ်ခုတည်းသောပြတင်းပေါက်” ဆောက်လုပ်ရေး အဆက်မပြတ် လုပ်ဆောင်နေသည်။ တရုတ်-လာအို၊ တရုတ်-မြန်မာ၊ တရုတ်-ဗီယက်နမ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဆောက်လုပ်ရေးသည် တက်ကြွစွာ တွန်းတင် တိုးတက်လျက်ရှိသည်။ “‌ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး သဘောတူညီမှု(RCEP) လက်မှတ်ရေးထိုးခြင်း၊ တရုတ်(ယူနန်) လွတ်လပ်သောကုန်သွယ်ရေး ရှေ့ပြေးစမ်းသပ်ဇုန် ဆောက်လုပ်ခြင်းတို့ကြောင့် ယူနန်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ကုန်သွယ်ရင်းနှီးမှု ပူး‌ပေါင်းဆောင်ရွက် ရေးအတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးလျက်ရှိပါသည်။

ပြီးခဲ့သည့်(၅)နှစ်တာကာလအတွင်း အေးအတူပူအမျှ အချင်းချင်းရိုင်းပင်းကူညီကာ လန်မဲပူးပေါင်း ဆောင်ရွက်ရေး၏ ချစ်ကြည်ရေးပန်းပွင့်ကို အတူပြုစုပျိုးထောင်ခဲ့သည်။ လန်ချန်း-မဲခေါင်အသက်မွေးဝမ်း ကျောင်း ပညာပေးမဟာမိတ်အသင်းသားများဆက်လက်ချဲ့ထွင်ခြင်း၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံ ယဉ်ကျေးမှုအနုပညာပွဲတော်၊ မဲခေါင်ကောလိပ်ပူး‌ပေါင်းဆောင်ရွက်မှု ပညာပေးသင်တန်းစီမံကိန်း၊ လန်မဲ ပူး‌ပေါင်းဆောင်ရွက်မှု ကုန်စည်ပြပွဲ၊ “အလင်းရောင်ခရီးစဉ်” “ချစ်ကြည်ရေးခရီးစဉ်” စသည့် လှုပ်ရှားမှု များ၏ ပူး‌ပေါင်းဆောင်ရွက်မှု အကျိုးရလဒ်ကောင်းများကို နိုင်ငံအသီးသီးရှိ ပြည်သူပြည်သားများ ခံစား နိုင်အောင်ကြိုးပမ်းခဲ့သည်။ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ရောဂါ၏ မီးခိုးမြူအောက်တွင် ကျွန်တော်တို့ ပြည်နယ်သည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် အချင်းချင်း ရိုင်းပင်းကူညီကာ ငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေးကို မျက်နှာပြုသည့် လန်မဲနိုင်ငံကံကြမ္မာတူ အနာဂတ်အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက် ရသည့် ရည်ရွယ်ချက်နှင့် အကြောင်းအရာများကို လက်တွေ့ကျပြီး စစ်မှန်သောလုပ်‌ဆောင်မှုများဖြင့် ဖော်ပြခဲ့ပါသည်။(Yunnan gateway)