ယူနန်ပြည်နယ်ရွှေလီမြို့ COVID-19ရောဂါဓာတ်ခွဲအတည်ပြုလူနာ(၆)ဦး၊ရောဂါလက္ခဏာမပြသောကူးစက်သူ(၃)ဦးရှိပြီးရောဂါလက္ခဏာမပြသောကူးစက်သူများနှင့်ဓာတ်ခွဲအတည်ပြုလူနာ(၁)ဦးတို့မှာမြန်မာနိုင်ငံသားဖြစ်

2021-03-31 14:24:23 |သတင်းအရင်းအမြစ်

မတ်လ(၃၀)ရက်နေ့ (၀)နာရီမှ(၂၄)နာရီအတွင်းယူနန်ပြည်နယ်တွင် COVID-19ရောဂါအတည်ပြုလူနာ(၆)ဦးနှင့်ရောဂါလက္ခဏာမပြသောကူးစက်သူ(၃)ဦးအသစ်တိုးခဲ့ပြီးအားလုံးသည်ရွှေလီမြို့တွင်နေထိုင်သူများဖြစ်သည်။

ရောဂါလက္ခဏာမပြသည့်ကူးစက်သူအသစ်တိုး(၃)ဦး၏အချက်အလက်များ။
ရောဂါလက္ခဏာမပြသောကူးစက်သူ(၁)၊ကျား၊ (၂၄)နှစ်၊မြန်မာနိုင်ငံသား။
ရောဂါလက္ခဏာမရှိကူးစက်သူ(၂)၊မ၊ (၂၈)နှစ်၊မြန်မာနိုင်ငံသား။
ရောဂါလက္ခဏာမရှိကူးစက်သူ(၃)၊ကျား၊ (၂၇)နှစ်၊မြန်မာနိုင်ငံသား။

အသစ်တိုးသည့်အတည်ပြုလူနာ(၆)ဦး၏အချက်အလက်များ။
အတည်ပြုလူနာ(၁)၊မ၊ (၃၃)နှစ်၊တရုတ်နိုင်ငံသား၊ရောဂါအခြေအနေမပြင်းထန်။
အတည်ပြုလူနာ(၂)၊မ၊ (၃၅)နှစ်၊တရုတ်နိုင်ငံသား၊ရောဂါအခြေအနေမပြင်းထန်။
အတည်ပြုလူနာ(၃)၊ကျား၊ (၂၂)နှစ်၊တရုတ်နိုင်ငံသား၊ရောဂါအခြေအနေမပြင်းထန်။
အတည်ပြုလူနာ(၄)၊မ၊ (၃၀)နှစ်၊မြန်မာနိုင်ငံသား၊ရောဂါအခြေအနေမပြင်းထန်။
အတည်ပြုလူနာ(၅)၊မ၊ (၄၂)နှစ်၊တရုတ်နိုင်ငံသား၊ရောဂါအခြေအနေပုံမှန်။
အတည်ပြုလူနာ(၆)၊မ၊ (၃၃)နှစ်၊တရုတ်နိုင်ငံသား။

၂၀၂၁ခုနှစ် မတ်လ(၂၉)ရက်တွင်ရွှေလီမြို့၌အဓိကလူအုပ်စုများကို COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှု ပုံမှန်ပြုလုပ်စဉ်လူ(၁)ဦး၌ Positiveရောဂါလက္ခဏာတွေ့ရှိခဲ့သည်။ထိုမှတဆင့်အဓိကလူအုပ်စုအားCOVID-19 ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်ပေးသူနှင့်အနီးကပ်ဆက်နွယ်သူများအားဆက်လက်စစ်ဆေးခဲ့ရာ (၈)ဦး၌ COVID-19ရောဂါ Positiveလက္ခဏာတွေ့ရှိခဲ့သည်။ အဆိုပါ(၉)ဦးစလုံးကိုလူနာတင်ယာဉ်များဖြင့် သတ်မှတ်ထားသောဆေးကုသရေးစင်တာများသို့ ပို့ဆောင်ခဲ့သည်။မတ်လ(၃၀)ရက်နေ့တွင် ကူးစက်ရောဂါဆိုင်ရာ သမိုင်းနှင့်လက်တွေ့အခြေအနေ၊ဓာတ်ခွဲစမ်းသပ်မှုရလဒ်များအရ (၆)ဦးမှာ COVID-19 ရောဂါအတည်ပြုလူနာနှင့် (၃)ဦးမှာ COVID-19 ရောဂါလက္ခဏာမပြသောကူးစက်သူအဖြစ်သိရှိရသည်။ အခြားသောစိစစ်စမ်းသပ်စစ်ဆေးမှု များကိုလည်းဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

မတ်လ (၃၁)ရက်နေ့နံနက်(၈)နာရီအထိ ပထမဆုံးအသုတ်အနီးကပ်ဆက်နွယ်ခဲ့သူနှင့်တဆင့်ခံဆက်နွယ်ခဲ့သူ (၃၁၇)ဦးမှာအားလုံးကို သီခြားနေထိုင်စေပြီးစောင့်ကြည့်စစ်ဆေးနေပြီဖြစ်သည်။ ကျယ်ခေါင်နိုင်ငံတော် တံခါးရပ်ကွက်ကို ပိတ်ကာထိန်းချုပ်ရေးလုပ်ဆောင်ခဲ့ပြီးကျယ်ခေါင်တံတားပေါ်တွင် ယာဉ်များသွားလာခွင့်ကို ပိတ်ပင်ထားသည်။ မတ်လ(၃၀)ရက်နေ့ညနေပိုင်းတွင် COVID-19 အတည်ပြုလူနာနေထိုင်သွားလာခဲ့သော ရွှေလီမြို့ရပ်ကွက်အသီးသီးကိုပိတ်ထားပြီး ထိန်းချုပ်ရေးစီမံဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ရွှေလီမြို့ COVID-19 ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနချုပ်မှ မြို့ပြတွင်နေထိုင်သူများ အားလုံးကို ရောဂါစမ်းသပ်စစ်ဆေးရေးလုပ်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။ ယခုလက်ရှိသက်ဆိုင်ရာ ကိစ္စရပ်များအားအောက်ပါအတိုင်းအသိပေးထားသည်။
၁။၂၀၂၁ခုနှစ်မတ်လ(၃၁)ရက်နေ့နံနက်(၈)နာရီမှစပြီး ရွှေလီမြို့တွင်နေထိုင်သူများအားလုံး COVID-19 ရောဂါစမ်းသပ်စစ်ဆေးရေးကိုတစ်ဦးမကျန်လုပ်ဆောင်ရမည်ဖြစ်သည်။စစ်ဆေးရေးအတွက်ကုန်ကျစရိတ်ကိုအစိုးမှကျခံသွားမည် ဖြစ်သည်။
၂။ မြို့ပြဧရိယာရှိနေထိုင်သူများအားလုံးအိမ်တွင်သီးခြားနေထိုင်ရန် တစ်ပတ်တာကာလသတ်မှတ်ထားသည်။ အကြောင်းကိစ္စမရှိဘဲအပြင်မထွက်ရပါ။ မဖြစ်မနေအပြင်ထွက်ရန်လိုအပ်ပါကရပ်ကွက် ထောက်ခံချက်ရရှိမှသာ အပြင်ထွက်ခွင့်ရရှိမည်။
၃။ အိမ်တွင်သီးခြားနေထိုင်စဉ်ကာလအတွင်းကုန်စုံဆိုင်၊ ဆေးဆိုင်၊ လယ်ယာသုံးပစ္စည်းဆိုင်များမှ အပအခြား သော စီးပွားရေးလုပ်ငန်းများအားလုံးပိတ်ထားရမည်ဖြစ်ပြီးလုပ်ငန်းအသီးသီး၏ ဆိုင်ပြန်လည်ဖွင့်လှစ်နိုင်မည့် အချိန်ကိုပြန်လည်အသိပေးအကြောင်းကြားပါမည်။
၄။ အိမ်တွင်သီးခြားနေထိုင်စဉ်ကာလအတွင်း အပြင်ထွက်ရန်သွားလာခွင့်ကဒ်ထုတ်ပေးမည်ဖြစ်ပြီး ဈေးထွက်ဝယ်ရန်အိမ်ထောင်စုတစ်စုလျှင်လူ(၁)ဦးသာသွားလာခွင့်ပြုမည်။အပြင်ထွက်သွားလာသူမှာရောဂါကာကွယ်ရေးအတွက်ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်များကိုတိတိကျကျလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မလိုအပ်ဘဲအပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ မိသားစုစုပေါင်းအိမ်ယာ၊ ဈေးဆိုင်ရပ်ကွက်စသည့် စုပေါင်းစီမံခန့်ခွဲရသောရပ်ကွက်များတွင်ရပ်ကွက်လုံခြုံရေးမှအဝင်အထွက်စာရင်းပြုစုခြင်း၊ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ QRcodeစကင်ဖတ်ဝင်ထွက်သွားလာခြင်းများပြုလုပ်ရမည်။
၅။ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ နေ့စဉ်သုံးပစ္စည်းများ၊လယ်ယာသုံးပစ္စည်းများစသည့် ရွှေလီမြို့သို့ ဝင်ထွက်သွားလာသောသယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်းစစ်ဆေးရေးဂိတ်မှစိစစ်ပြီးအပူချိန်တိုင်းတာကာပြည်နယ်ကောင်စီသွားလာရေးကုဒ်သို့မဟုတ်ယူနန်ကျန်းမာရေးကုဒ်အစိမ်းရောင်ကဒ်များရှိမှသာဝင်ရောက်သွား လာခွင့်ပြုမည်။
၆။ တရားမဝင်နိုင်ငံ(နယ်)ကူးအဖွဲ့အစည်း၊ကျူးကျော်နေထိုင်သူများအားတင်းကျပ်စွာ တားဆီးသည်။ နေထိုင်သူများအနေဖြင့် မိမိကိုယ်တိုင်အသိစိတ်ဖြင့်တရားဉပဒေများ၊ COVID-19 ရောဂါစမ်းသပ်စစ်ဆေးရေး လုပ်ငန်းများအားလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။မလိုက်နာသူများ၊လုပ်ငန်းအတားအဆီးပြုလုပ်သူများကိုဉပဒေအရအရေးယူဆောင်ရွက်မည်။
၇။၂၀၂၁ခုနှစ်မတ်လ(၁၄)ရက်နေ့ နောက်ပိုင်းရွှေလီမြို့မှ ထွက်ခွာခဲ့သူများအနေဖြင့်မိမိအသိစိတ်ဖြင့်ဒေသ ဆိုင်ရာရပ်ကွက်များတွင်အကြောင်းကြားကာ COVID-19ရောဂါစမ်းသပ်စစ်ဆေးမှုပြုလုပ်ရမည်။