နောက်ဆုံးရသတင်း   ယူနန်ရွှေလီတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ဦး၊ ရောဂါလက္ခဏာမပြသောလူနာ ၂၃ ဦး အသစ်တိုးပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသားများ ပါဝင်  

2021-04-01 11:46:35 |သတင်းအရင်းအမြစ်

မတ်လ ၃၁ ရက်နေ့ နံနက် ၀:၀၀ နာရီမှ ည ၂၄း၀၀ နာရီအထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ဦး၊ ရောဂါလက္ခဏာမပြသောလူနာ ၂၃ ဦး အသစ်တိုးပြီး ၎င်းတို့အနက် မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
 
မတ်လ ၃၁ ရက်နေ့ ည ၂၄း၀၀ နာရီအထိ၊  ယူနန်ပြည်နယ်တွင် အတည်ပြုလူနာ စုစုပေါင်း ၁၅ ဦး တွေ့ရှိပြီး ရောဂါလက္ခဏာမပြသောလူနာ ၄၅ ဦး တွေ့ရှိရသည်။ ၎င်းတို့အားလုံးသည် ဆေးရုံတွင် သီးခြားထား စောင့်ရှောက်ပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။
 
၎င်းတို့အနက် ရောဂါလက္ခဏာမပြသောလူနာ ၁၀ ဦးနှင့် အတည်ပြုလူနာ ၂ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သတင်းအရ သိရသည်။