တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ရွှေလီမြို့၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး။ ။ ရွှေလီမြို့ တစ်မြို့လုံးတွင် ဓာတ်ခွဲစမ်းသပ်မှု နမူနာရယူခြင်းလုပ်ငန်း အားလုံးပြီးစီး

2021-04-01 18:04:22 |သတင်းအရင်းအမြစ် 中国新闻网、云南日报

 ဧပြီလ ၁ ရက်နေ့တွင် ရွှေလီမြို့၌ ကျင်းပသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး တတိယအကြိမ် သတင်းစာရှင်းလင်းပွဲအရ လက်ရှိအချိန်တွင် ရွှေလီမြို့နေပြည်သူများအားလုံး၏ nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းလုပ်ငန်း ပြီးစီးကြောင်း၊ ယနေ့ နံနက် ၈ နာရီအထိ nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာ စုစုပေါင်း ၃၀၉၄၄၈ ခု ရယူခဲ့ရာ နမူနာ ၂၃၅၉၉၁ ခုပေးပို့စစ်ဆေးလျက်ရှိပြီး စစ်ဆေးပြီးစီးသည့် နမူနာ ၁၀၅၅၃၀ ခုရှိကြောင်းသိရပါသည်။


တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ရွှေလီမြို့သည် မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိပြီး တရုတ်-မြန်မာ နယ်စပ်ဒေသတွင် လူအသွားအလာ၊ ယာဥ်ကားဝင်ထွက်မှုနှင့် ကုန်ပစ္စည်းစီးဆင်းမှု အများဆုံးသော နယ်စပ်ဂိတ်ပေါက်ဖြစ်ပါသည်။ ရွှေလီမြို့ တစ်မြို့လုံး၏ လူဦးရေမှာ ၂၁၀၅၀၀ နီးပါးရှိသည်။ ၂၄ နာရီအတွင်း ဤကဲ့သို့သော အတိုင်းအတာကြီးမားသော nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းလုပ်ငန်းကို မည်ကဲ့သို့ ပြီးစီးအောင် ဆောင်ရွက်ခဲ့သနည်း။


သတင်းထောက်သည် မတ်လ ၃၁ ရက်နေ့က ရွှေလီမြို့သို့ သွားရောက်သတင်းယူရာတွင် ရွှေလီမြို့တစ်မြို့လုံး၌ nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းလုပ်ငန်း မပြုလုပ်မီ ရွှေလီမြို့၏ ကြိုတင်ပြင်ဆင်မှုများ တွေ့ရှိခဲ့ပါသည်။ မတ်လ ၂၈ ရက်နေ့တွင် ရွှေလီမြို့မှ ကျယ်ဂေါင်ကျောက်စိမ်းဝိုင်းရှိ အဓိကလူစုအား ပုံမှန်အတိုင်း nucleic acid ဓာတ်ခွဲ စမ်းသပ်မှုနမူနာရယူရာတွင် မြန်မာနိုင်ငံသားတစ်ဦး၌ ကိုဗစ်-၁၉ ကပ်ရောဂါ Positive လက္ခဏာ တွေ့ရှိခဲ့သည်။ ထို့နောက် မတ်လ ၂၉ ရက်နေ့တွင် ကျယ်ဂေါင်ကျောက်စိမ်းဝိုင်းတည်ရှိသည့် ကောမိန်ရပ်ကွက်နေသူများအား nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းလုပ်ငန်းကို ပြုလုပ်ခဲ့ပါသည်။


ကပ်ရောဂါ ကြုံတွေ့နေသော အခက်အခဲကာလတွင် အဖက်ဖက်မှ ကူညီထောက်ပံ့မှုများ ရရှိပါသည်။ ရွှေလီမြို့မှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတိုက်ပွဲ အောင်မြင်နိုင်ရန် ယူနန်ပြည်နယ်သည် ရွှေလီမြို့အနီးဝန်းကျင်ရှိ မြို့ပြနှင့် ခရိုင်မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား စည်းရုံးကာ ရွှေလီမြို့သို့ စေလွှတ်ပါသည်။ ဒေသခံဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အတူ လူပေါင်း ၁၈၇၇ ဦးဖြင့် nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းအဖွဲ့ ၁၆ ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ရွှေလီမြို့တွင် သတ်မှတ်ထားသော nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းနေရာ ၄၁၉ ခုနှင့် ရွေ့လျား nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူခြင်းနေရာ ၆ ခု စီမံခဲ့ပါသည်။


“မတ်လ ၃၀ ရက်နေ့က ရွှေလီမြို့ကို သွားရောက်ကူညီထောက်ပံ့ရမယ့် သတင်းရရှိခဲ့ပါတယ်။ ချက်ချင်း စုစည်းပြီး ခရီးထွက်ခဲ့ပါတယ်”ဟု ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲ အလ်ယွမ်ခရိုင် အမျိုးသမီးကလေးဆေးရုံမှ ဆရာဝန် ကျောက်ရှီရှင်က ပြောပြပါသည်။ သူတို့သည် ညနက်ပိုင်းတွင် တာ့လီမှ ထွက်ခွာပြီး မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရွှေလီမြို့ကို ရှောက်ရှိခဲ့ပါသည်။ “နံနက်ပိုင်းကစပြီး nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာ ရယူခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့တာပါ။ နေ့လယ်ပိုင်းမှာ နာရီဝက်လောက်ပဲ နေ့လယ်စာစား အနားယူချိန်ရပါတယ်”လို့ သူက ဆက်လက်ပြောပြပါသည်။

Nucleic acid ဓာတ်ခွဲစမ်းသပ်မှုနမူနာရယူသည့် ဝန်ထမ်းများသည် “တယ်ဟုန်ပြည်နယ်ခွဲ ကပ်ရောဂါထိန်းချုပ်ရေး(德宏抗疫情)”လက်ကိုင်ဖုန်း App မှတစ်ဆင့် ရွှေလီမြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများအား nucleic acid ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်နိုင်ရန် ကူညီပေးကာ အလုံးစုံ စစ်ဆေးခြင်းလုပ်ငန်း တွင်ကျယ်မှု မြှင့်တင်ခဲ့ပါသည်။ လက်ကိုင်ဖုန်း အဆင်ပြေစွာ အသုံးမပြုနိုင်သည့် မြန်မာနိုင်ငံသားများအတွက် စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ကာ nucleic acid ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်နိုင်ရန် စီစဉ်ပေးထားပါသည်။