ရှီကျင့်ဖျင်သည် အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo ထံသို့ ၀မ်းနည်းကြောင်း သဝဏ်လွှာပေးပို့

2021-04-07 19:26:15 |သတင်းအရင်းအမြစ် CRI

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် တောင်ကျရေစီးမှုနှင့် မြေပြိုကျမှုအပေါ် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် ယခုလ ၆ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံသမ္မတ Joko Widodo ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရသိရသည်။

ထိုသဝဏ်လွှာတွင် ရှီကျင့်ဖျင်က မိမိအနေနှင့်လည်းကောင်း တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စားလည်းကောင်း သေဆုံးသူများအပေါ် ဝမ်းနည်းကြေကွဲကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ဒဏ်ရာရရှိသူများအပေါ် စိတ်ရင်းသန့်သန့်ဖြင့် စာနာနှစ်သိမ့်ပါကြောင်း ရေးသားဖော်ပြ သည်ဟု သတင်းအရသိရသည်။