တရုတ်-မြန်မာနယ်စပ်ဒေသရှိ ကျဲ့ဖန့် နယ်စပ်ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှင့်ပြည်သူပြည်သားများ အတူလက်တွဲပြီး နေချင့်စဖွယ် သာယာသော အိမ်ရာများကို တည်ဆောက်

2021-04-07 19:36:30 |သတင်းအရင်းအမြစ် 云南日报

ယခုရက်ပိုင်းတွင် သတင်းထောက်သည် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့ ကျဲ့ဖန့်မြို့နယ် နန်ကျန့်ရွာသို့ သွားရောက်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်တွင်တည်ရှိသော အဆိုပါ ကျေးရွာလေးသည် သာယာဝပြောသော လယ်ယာမြေများ ပိုင်ဆိုင်သည်။ သန့်ရှင်းသပ်ရပ်ပြီး အေးချမ်းသာယာ လှပါသည်။

“ကျွန်တော်တို့ နန်ကျန့်ရွာမှာ အိမ်ထောင်စု (၇၅)စုရှိပြီး လူဦးရေ (၃၄၀)ကျော်ရှိတယ်။ ရွာသူရွာသားများက နေ့စဉ် နေ့တိုင်းရွာထဲမှာ သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ကြလေ့ရှိကြတယ်။ လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းတွေကို လယ်ကန်သင်းမှာ ဒီအတိုင်းထားခဲ့လည်း မပျောက်တတ်ဘူး။ ပစ္စည်းပို့ဆောင်ရေးနဲ့ ကယ်ဆယ်ရေးယာဉ်တွေကလည်း အိမ်တိုင်းအိမ်တိုင်းရဲ့ အိမ်နံပါတ်အတိုင်း အိမ်ရှေ့အထိ အရောက်ပို့ဆောင်ပေးနိုင်တယ်။ နေထိုင်ဖို့ အရမ်းအဆင်ပြေ တယ်”ဟု နန်ကျန်ရွာသား ကျင်းရှောင်ဆန်းက ဂုဏ်ယူစွာ ပြောကြားခဲ့ပါသည်။

ကျင်းရှောင်ဆန်းဂုဏ်ယူသော နန်ကျန့်ရွာသည် ကျဲ့ဖန့်နယ်စပ်ရဲစခန်းနှင့် ရွာသူရွာသားများ အတူတကွ ထိန်းသိမ်း စောင့်ရှောက်သော သာယာလှပသောကျေးရွာဖြစ်ပါသည်။

နန်ကျန့်ရွာ၏ ထင်ရှားသောနေရာများတွင် ဖုန်းနံပါတ်တစ်ခု ကပ်ထားလေ့ရှိသည်။ ဖုန်းနံပါတ်အရှေ့တွင် “လောက်မုံ hotline ဖုန်းနံပါတ်”ဟုရေးသားထားသည်။ အိမ်နီးနားချင်း ပဋိပက္ခ္ခဖြစ်ပွားခြင်း၊ ဥပဒေအကြောင်း ကိစ္စရပ်များ မေးမြန်းစုံစမ်းလိုခြင်း အစရှိသဖြင့် ရွာသူရွာသားများ၏လိုအပ်ချက်နှင့် ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ပါက “လောက်မုံ”ကို ရှာနိုင်သည်ဟု ကျဲ့ဖန့်နယ်စပ်ရဲစခန်းမှ ရဲအရာရှိက သတင်းထောက်ကို ရှင်းပြသည်။

လောက်မုံ၏အမည်မှာ မုံလီမင် ဖြစ်သည်။ ကျဲ့ဖန့်နယ်စပ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး “လောက်မုံ hotline ဖုန်းနံပါတ်” တည်ထောင်သူလည်းဖြစ်သည်။ “အစပိုင်းမှာတော့ ရွာသားတွေရဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင် ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က ရွာထဲသွားသွားလာလာလုပ်ရတာကို ကြိုက် နှစ်သက်တယ်။ ရွာသားတွေနဲ့ သူငယ်ချင်းမိတ်ဖွဲ့တယ်။ ရွာသားတွေရဲ့စိတ်ဆန္ဒကို နားထောင်လေ့ရှိတယ်။” ပေါင်းသင်းဆက်ဆံတာ ကြာလာတာနှင့်အမျှ အချင်းချင်း ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပြီး ရွာသားတွေက ကျွန်တော့်ကို လောက်မုံလို့ ခေါ်လာကြတယ်။ အချိန်ကြာလာတော့ ကိစ္စတစ်ခုခုရှိရင် ရဲတွေဆီတို င်ကြားတာ မလုပ်တော့ပဲ ကျွန်တော့ကို တိုက်ရိုက်ရှာလာကြတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်က hotline ဖုန်းနံပါတ် ဖြစ်သွားတာပဲ။ “ကားကြီးတွေဖြတ်လို့ ရွာလမ်းတွေ ပျက်စီးသွားတဲ့ကိစ္စပဲဖြစ်ဖြစ်၊ အိမ်နီးနားချင်း ရန်ဖြစ် တာပဲဖြစ်ဖြစ် မုံလီမင်က ကိစ္စအားလုံးကို အဆင်ပြေသွားအောင် ဖြေရှင်းပေးတယ်။ “လောက်မုံ hotline ဖုန်းနံပါတ်”က ဆက်တဲ့သူတွေများလာပြီး ဖုန်းလိုင်းမအားတာ မဖြစ်စေဖို့နဲ့ ရွာသူရွာသားများရဲ့ပြဿနာတွေကို အချိန်မီဖြေရှင်း ပေးနိုင်ဖို့အတွက် အခုအချိန်မှာ “လောက်မုံ hotline ဖုန်းနံပါတ်”ဟာ ပလက်ဖောင်းတစ်ခုအဖြစ် အသွင်ပြောင်း လာခဲ့ပါတယ်။ ကျဲ့ဖန့်နယ်စပ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၄၅)ဦစလုံးကလည်း “လောက်မုံ”ဖြစ်သွားကြတယ်။” “ကျွန်တော် တို့က အဲဒီပလက်ဖောင်းကို ဆက်လက်ကောင်းမွန်အောင် ကြိုးပမ်းလုပ်ဆောင်သွားမှာပါ။ ရွာသူရွာသားတွေ ကြုံတွေ့ နေရတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု မုံလီမင်က ပြောသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ကျဲ့ဖန့်နယ်စပ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့စီမံအုပ်ချုပ်သော ရပ်ရွာအတွင်းရှိ တောင်သူလယ်သမားအိမ်တိုင်းသို့ မိုးလင်းမှ မိုးချုပ် တစ်နေကုန် လှည့်ပတ်သွားရောက်ခဲ့ကြသည်။ တောင်သူလယ်သမားများပိုင်ဆိုင်သော နွားကောင်ရေ အ‌ရေအတွက်၊ စက်ယာဉ်အရေအတွက်၊ ဆိုင်ခန်း၊ ထရန်စဖော်မာ၊ ဦးစားပေးလူဦးရေ၊ အထူးလူပုဂ္ဂိုလ်များ၊ ဌာနအဖွဲ့အစည်းများ၊ အထူးလုပ်ငန်းများ စသည့် အချက်အလက်များအတွက် မှတ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြပြီး ပြည့်စုံသော ရွာသူရွာသားအချက်အလက် ပလက်ဖောင်းကို တည်ဆောက်ခဲ့ပါသည်။ ထို့ပြင် အိမ်တိုင်း၏ တံခါးပေါ်တွင် နံပါတ်အမှတ်အသား ချိတ်ဆွဲနိုင်ရန် ထောက်ပံ့ပေးခဲ့သည်။ “အခုလိုလုပ်တာ ကျွန်တော်တို့ နေထိုင်မှုအတွက် ပိုမို အဆင်ပြေစေပါတယ်။ မိသားစုမှာ နေမကောင်းတာပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းပါဆယ်ထုပ် ထုတ်ယူတာပဲဖြစ်ဖြစ် အဆင်ပြေလာတယ်။ အခုဆိုရင် ရွာသူရွာသားတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အိမ်ရာကို စောင့်ရှောက်နေကြပါတယ်”ဟု ရွာသူရွာသားများမှ ပြောဆိုခဲ့ပါသည်။