ဧပြီလ ၅ ရက်နေ့ထိ တရုတ်ယူနန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၃.၂၃၂ သန်း ရောက်ရှိ

2021-04-08 17:54:53 |သတင်းအရင်းအမြစ် 新华网

ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ ပြန်ကြားရေးရုံးသည် ယူနန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ ဧပြီလ ၅ ရက်နေ့အထိ၊ ယူနန်တစ်ပြည်နယ်လုံးအတွင်း လူဦးရေ ၃.၂၃၂ သန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း ၎င်းသတင်းစာရှင်းလင်းပွဲမှ သိရှိခဲ့ရပါသည်။

ယူနန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကစပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်လွယ်လုပ်ငန်းရပ် ဝန်းထမ်းများအတွက် ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ရာ အအေးသေတ္တာဖြင့် သယ်ယူပို့ဆောင်ရေး၊ နယ်စပ်ဂိတ်ပေါက် ရောဂါပိုးစစ်ဆေးခြင်း၊ လေကြောင်းလိုင်း၊ ပင်လယ်စာစျေးကွက်၊ အများသုံး သယ်ယူပို့ဆောင်ရေး၊ ဆေးကုသခြင်းနှင့် ရောဂါကာကွယ်ခြင်း စသည့်ကဏ္ဍများမှ ဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။ ၂၀၂၁ ခုနှစ်မတ်လ တတိယ ဆယ်ရက်ပတ်ကစတင်ပြီး ယူနန်သည် ကာကွယ်ဆေးထိုးနှံခြင်းကို ရှေ့သို့ အရှိန်တိုးမြင့်ဆောင်ရွက်ရန် ကြိုးစားလျက်ရှိသည်။

ဧပြီလ ၅ ရက်နေ့အထိ၊ ယူနန်တစ်ပြည်နယ်လုံးတွင် မှာယူထားခဲ့သည့် ကိုဗစ်-၁၉ စုစုပေါင်း ကာကွယ်ဆေးအလုံးရေ ၃.၉၀၀၃ သန်းရှိပြီး ယခုအချိန်ထိ အလုံးရေ ၃.၆၃၅ သန်း ထိုးနှံခဲ့ပြီးဖြစ်သည်။ စုစုပေါင်းထိုးနှံ့ခဲ့သူဦးရေသည် ၃.၂၃၂ သန်း ရှိပြီး ၎င်းအနက် နှစ်ကြိမ်ထိုးနှံပြီးသူသည် ၄.၀၃ သိန်းဦး ရှိကာ တစ်ကြိမ်သာထိုးနှံပြီးသူဦးရေသည် ၂.၈၂၉ သန်း ရှိကြောင်း သိရပါသည်။