ဧပြီလ(၇)ရက်နေ့ (၀)နာရီမှ(၂၄)နာရီအချိန်ထိ ယူနန်ပြည်နယ်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၁)ဦး (ရောဂါလက္ခဏာမပြဘဲကူးစက်သူမှ ရောဂါဓာတ်ခွဲအတည်ပြုလူနာအဖြစ်သို့ ပြောင်းလာသူ(၃)ဦး အပါအဝင်)၊ ရောဂါလက္ခဏာမပြဘဲကူးစက်သူ(၁)ဦးအသစ်တိုးခဲ့ပါသည်။
ဧပြီလ(၇)ရက်နေ့ထိ ယူနန်ပြည်နယ်တွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦး (ပြည်ပမှ ဝင်ရောက်သူ ၃ ဦး၊ ဒေသခံပြည်သူ ၇၆ ဦး)၊ ရောဂါလက္ခဏာမပြဘဲကူးစက်သူ(၄၄)ဦး (ပြည်ပမှ ဝင်ရောက်သူ ၁၉ ဦး၊ ဒေသခံပြည်သူ ၂၅ ဦး)ရှိခဲ့သည်။ သတ်မှတ်သည့်ဆေးဝါးကုသရေးကွာရန်တင်းစင်တာတွင် ကုသမှုနှင့် စောင့်ကြည့်မှုများ ခံယူလျက်ရှိသည်။
အသစ်တိုးအတည်ပြုလူနာ(၁၁)ဦး၏ အချက်အလက်
Case (၁)။ ။ မ၊ (၅၂)နှစ်၊ မြန်မာနိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၂)။ ။ ကျား၊ (၈)နှစ်၊ မြန်မာနိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၃)။ ။ မ၊ (၄၂)နှစ်၊ တရုတ်နိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၄)။ ။ ကျား၊ (၄၈)နှစ်၊ တရုတ်နိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၅)။ ။ မ၊ (၂၈)နှစ်၊ မြန်မာနိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၆)။ ။ မ၊ (၄၄)နှစ်၊ တရုတ်နိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၇)။ ။ မ၊ (၂၅)နှစ်၊ မြန်မာနိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၈)။ ။ မ၊ (၅၉)နှစ်၊ မြန်မာနိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်။
Case (၉)။ ။ ကျား၊ (၃၀)နှစ်၊ တရုတ်နိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်သူမှ ရောဂါဓာတ်ခွဲအတည်ပြုလူနာအဖြစ်ပြောင်းလဲ။
Case (၁၀)။ ။ မ၊ (၂၈)နှစ်၊ တရုတ်နိုင်ငံသား၊ ရောဂါအခြေအနေမပြင်းထန်၊ ရောဂါလက္ခဏာမပြဘဲ ကူးစက်သူမှ ရောဂါဓါတ်ခွဲအတည်ပြုလူနာအဖြစ်ပြောင်းလဲ။
အတည်ပြုလူနာ(၁၁)။ ။ မ၊ (၂၀)နှစ်၊ မြန်မာနိုင်ငံသား၊ ရောဂါအခြေအနေပုံမှန်၊ ရောဂါလက္ခဏာမပြဘဲ ကူးစက် သူမှ ရောဂါဓာတ်ခွဲအတည်ပြုလူနာအဖြစ်ပြောင်းလဲ။
အသစ်တိုးရောဂါလက္ခဏာမပြဘဲကူးစက်သူ(၁)ဦး၏အချက်အလက်
ရောဂါလက္ခဏာမရှိကူးစက်သူ(၁)။ ။ မ၊ (၃၅)နှစ်၊ မြန်မာနိုင်ငံသား။
၎င်းတို့အနက် ဓာတ်ခွဲအတည်ပြုလူနာ(၈)ဦးနှင့် ရောဂါလက္ခဏာမပြဘဲကူးစက်သူ(၁)ဦးတို့သည် ရွှေလီမြို့ပြနေ ပြည်သူအားလုံး ဒုတိယအကြိမ် Nucleic Acid test စမ်းသပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါလူနာများအား Negative pressure လူနာတင်ယာဉ်ဖြင့် သတ်မှတ်သည့် ဆေးဝါးကုသရေးဌာနသို့ ချက်ချင်းပို့ဆောင်ခဲ့သည်။ ကူးစက်ရောဂါသမိုင်းကြောင်း၊ လက်တွေ့သရုပ်ဖော်ခြင်းနှင့် စမ်းသပ်ခန်းစစ်ဆေး ရလဒ်များအရ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာနှင့် ရောဂါလက္ခဏာမပြဘဲကူးစက်သူအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းတို့အနက် ရောဂါဓာတ်ခွဲအတည်ပြုလူနာ(၃)ဦးသည် ဆေးရုံတွင် အသွားအလာကန့်သတ် ကြည့်ရှုစောင့်ရှောက်ထားသည့် ရောဂါလက္ခဏာမပြဘဲကူးစက်သူမှ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ဖြစ်လာခဲ့သည်။