တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အွန်လိုင်း ၊ အော့လိုင်း နှစ်မျိုးစလုံးဖြင့် စက်တင်ဘာလတွင်ကျင်းပမည်

2021-04-09 18:51:57 |သတင်းအရင်းအမြစ် 新华网

၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ Guangxi Zhuang တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တောင်ပိုင်းမြို့တော် နန်နင်းမြို့၌ အွန်လိုင်း(online) နှင့် အော့လိုင်း (offline) နှစ်မျိုးစလုံးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးက ဧပြီ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံ နှင့် အာဆီယံအသင်းကြား ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်သည့် နှစ် ၃၀ ပြည့်အခါသမယဖြစ်သည်။ ယခုနှစ် ပြပွဲသည် ကုန်စည်ပြပွဲ၏ ဆက်သွယ်ရေးစင်္ကြံလမ်းကို တိုးချဲ့ရန် ကူညီပေးမည်ဖြစ်သည်။ ယင်းမှာ အနာဂတ်ကာလ ရပ်ဝန်းနှင့်ပိုးလမ်းမတည်ဆောက်ခြင်း နှင့် ဒေသတွင်း ဘက်ဆုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) တည်ဆောက်ခြင်းအတွက် လည်း ကူညီပေးနိုင်မည်ဖြစ်သည်။

အဆိုပါ ပြပွဲကို မြေဧရိယာအကျယ် စတုရန်းမီတာ ၁၂၄,၀၀၀ ပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့်ကုန်သွယ်ရေးလှုပ်ရှားမှုများ ၊ သိပ္ပံနှင့်နည်းပညာ နှင့် ဒီဂျစ်တယ်စီးပွားရေး နှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အပြန်အလှန်ဖလှယ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးချုပ်ရုံး အထွေထွေအတွင်းရေးမှူး Wang Lei က ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ် နှင့် အာဆီယံအကြား ကုန်သွယ်ရေးပမာဏသည် အမေရိကန်ဒေါ်လာ ၆၈၄.၆ ဘီလီယံထိ ရောက်ရှိခဲ့ရာ နှစ်စဉ်တိုးတက်မှုနှုန်းသည် ၆.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ်ဆက်လက်တည်ရှိနေပြီး တရုတ်-အာဆီယံ စည်းပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာ ပြန်လည်နိုးထခြင်း နှင့် ကြီးမားသော အလားအလာရှိနေသည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံစီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Wei Yan က ဆိုသည်။

စီးပွားရေးဝန်ကြီးဌာနမှ နောက်ထပ်အရာရှိတစ်ဦးဖြစ်သူ Yang Zhuo က RCEP ဖွံ့ဖြိုးရေးအခွင့်အလမ်းများကို အလေးထားရန် အကြံပြုခဲ့ပြီး ကျန်းမာရေး ၊ စီးပွားရေးပုံစံသစ်များ နှင့် နည်းပညာတီထွင်ဆန်းသစ်မှု ကဏ္ဍများအပါအဝင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို နက်ရှိုင်းစွာတိုးချဲ့သွားရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ တရုတ် နှင့် အာဆီယံ အကြား နှစ်ဖက်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၂.၃၁ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း Yang ၏ ပြောကြားချက်အရ သိရသည်။(Xinhua)