ယူနန်ပြည်နယ် ကင်မာခရိုင်တွင် ကြံပင် ၆၇၅၄၂.၁၄ ဧက ရိတ်သိမ်းလျက်ရှိ

2021-04-12 17:29:54 |သတင်းအရင်းအမြစ် 人民网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းမြို့ ကင်မာခရိုင်သည် ယူနန်ပြည်နယ်အတွင်း ကြံပင်စိုက်ပျိုးခြင်း ဖြစ်ထွန်းလျက်ရှိသော ခရိုင်တစ်ခုဖြစ်ပြီး ကြံပင်စိုက်ပျိုးခြင်းအကျယ်အဝန်းသည် ၆၇၅၄၂.၁၄ ဧက ရှိ ပါသည်။ ယခုရက်ပိုင်း ကင်မာခရိုင်တွင် ကြံရိတ်သိမ်းကာလသို့ ရောက်ရှိနေပါသည်။ စိုက်ခင်းသို့ ဝင်ရောက်လျှင် သစ်တောထဲဝင်ရောက်သကဲ့သို့ဖြစ်နေပြီး လေနှင့်အတူယိမ်းနွဲ့နေသော အစိမ်းရောင် ပင်လယ် မြင်ကွင်းမျိုးကို တွေ့ရှိနိုင်ပါသည်။

စုံစမ်းလေ့လာခြင်းအရ၊ ကင်မာခရိုင်တွင် အိမ်ထောင်စု ၂၃၀၀၀ မှ လူဦးရေ ၁.၂ သိန်းသည် ကြံစိုက်ပျိုး ခြင်းကို ဆောင်ရွက်နေပြီး တစ်ခရိုင်လုံးရှိ စိုက်ပျိုးသူဦးရေ၏ ၅၇% ရောက်ရှိနေပါသည်။