ဧပြီလ(၁၃)ရက်နေ့ နံနက်(၁၁)နာရီခန့်အချိန်တွင် ရွှေလီမြို့ တရုတ်တိုင်းရင်းဆေး တိုင်(မြန်မာရှမ်း)တိုင်းရင်း ဆေး ဆေးရုံတွင် ပထမသုတ် COVID-19 ရောဂါ အတည်ပြုလူနာ(၈)ဦးသည် ရောဂါကုသပျောက်ကင်းပြီး ဆေးရုံဆင်းနိုင်ခဲ့သည်။ ၎င်းသည် ရွှေလီမြို့ရှိ ယခုအကြိမ်ရောဂါလှိုင်းအတွင်း၏ ပထမဆုံး ဆေးရုံဆင်းလူနာများ ဖြစ်ပါသည်။ (၁၄)ရက်နေ့တွင် အတည်ပြုလူနာ (၄)ဦးသည် ရောဂါကုသပျောက်ကင်းပြီး ဆေးရုံးဆင်းခဲ့သည်။ ထို့ကြောင့် ယခုအချိန်ထိတိုင် ဆေးရုံဆင်းသူ စုစုပေါင်း (၁၂)ဦးရှိပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။ ထို့ပြင်၊ အဆိုပါ ဆေးရုံဆင်း လူနာ(၁၂)ဦးသည် (၁၄)ရက်တာဆေးဘက်ဆိုင်ရာလေ့လာကြည့်ရှုမှုကို ခံယူပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အနီးကပ်လေ့လာကြည့်ရှုခြင်းနှင့် လိုက်လံစောင့်ရှောက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသည်။