စန်းတုံးချင်းတောင် လောင်ရှန်းနွေဦးလက်ဖက်ခြောက် ပထမအကြိမ်ဆွတ်ခူး

2021-04-15 11:10:33 |သတင်းအရင်းအမြစ် 云南网

ဧပြီလ(၁၁)ရက်နေ့ ချင်းတောင်လောင်ရှန်း ယူဝူလက်ဖက်ခြံတွင် လောင်ရှန်းနွေဦးလက်ဖက်ကို ယခုနှစ် နွေဦးရာသီတွင် ပထမအကြိမ် ဆွတ်ခူးခဲ့သည်။ ပထမတစ်သုတ်လက်ဖက်ရွက်နုများကို ခူးယူ၊ အခြောက်လှန်း၊ အပူပေါင်း၊ ပုံသွင်း၊ အခြောက်ခံစသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ပြီးနောက် လောင်ရှန်း နွေဦးလက်ဖက် ခြောက်ရရှိခဲ့ရာ စျေးကွက်အတွင်းသို့ ဆက်တိုက်တင်ပို့ရောင်းချပါသည်။

လက်ရှိ လောင်ရှန်းယူဝူလက်ဖက်ခြံတွင် အော်ဂဲနစ်လက်ဖက်စိုက်ပျိုးမြေ(၂၀၀)မူခန့် ((၃၂.၉၅)ဧကခန့်) ရှိသည်။ ၎င်းသည် လက်ဖက်အမျိုးအစားသစ်များ ပျိုးထောင်၊ စိုက်ပျိုး၊ ကုန်ချောထုတ်လုပ်၊ ရောင်းချ၊ ခရီးသွားရှုခင်းသာ စသည်တို့ကို တစ်ပေါင်းတည်းအဖြစ်စုစည်းထားသည့် အော်ဂဲနစ်လက်ဖက်ခြောက်ထုတ်လုပ်ရေးစံပြစခန်း ဖြစ်ပါ သည်။