ရှီကျင့်ဖျင်ည် တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးသစ်များထံမှ သံတမန်ခန့်အပ်လွှာများလက်ခံ

2021-04-15 18:24:03 |သတင်းအရင်းအမြစ် CRI

၁၄ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖျင်သည် ပြည်သူ့ခန်းမ ဆောင်ကြီး၌ နိုင်ငံပေါင်း ၂၉ နိုင်ငံမှ အသစ်ခန့်အပ်ခဲ့သော သံအမတ်ကြီးများ၏ သံတမန်ခန့်အပ်လွှာများကို လက်ခံခဲ့သည်။


၎င်းတို့မှာ တရုတ်နိုင်ငံဆိုင်ရာအာဖဂန်သံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာဂရိသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာအီတလီသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး၊ တရုတ်နိုင်ငံ ဆိုင်ရာပါကစ္စတန်သံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာဂျပန် သံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ရေးမှူးအသစ် စသည့် နိုင်ငံ ၂၉ နိုင်ငံမှ သံအမတ်ကြီးများက သံတမန် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။


ရှီကျင့်ဖျင်သည် ၎င်းတို့နှင့်အတူ ဓာတ်ပုံရိုက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ ရှီကျင့်ဖျင်သည် သံတမန်များမှတစ်ဆင့် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံအားလုံးမှ ခေါင်းဆောင်များအား နှုတ်ခွန်းဆက်သ ပါသည်။(CRI)