ဧပြီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ၊ BOAO အာရှတိုက်ဖိုရမ် ၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ကျင်းပလျက်ရှိကြောင်း သတင်းအရ သိရပါသည်။ ယခုအကြိမ် အစည်းအဝေးသည် ယခုနှစ်တွင် ကမ္ဘာပေါ်၌ offline အစည်းအဝေးပုံစံကိုအဓိကအားဖြင့် ကျင်းပသော အကြီးစားနိုင်ငံတကာအစည်းအဝေးတစ်ခုဖြစ်ပြီး စုစုပေါင်း နိုင်ငံနှင့်ဒေသ ၆၀ ကျော်မှ ကိုယ်စားလှယ် ၂၆၀၀ ဦး၊ နိုင်ငံနှင့်ဒေသ ၁၈ ခုရှိ မီဒီယာအဖွဲ့ ၁၆၀ ကျော်မှ သတင်းသမား ၁၂၀၀ ဦးကျော်သည် အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြပါသည်။ AI နည်းပညာ၊ 5G နည်းပညာ၊ ဆေးပညာ၏ အခြေအနေသစ် စသည်တို့သည် ယခုအကြိမ်အစည်းအဝေး၏ ပင်မဆွေးနွေးချက်များဖြစ်သည်။ ထို့ပြင်၊ အစည်းအဝေးတွင် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံနည်းပညာနယ်ပယ်မှ ရှေ့တန်းရောက် ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါပြီး ယနေ့ကမ္ဘာ့ရှေ့တန်းရောက်သိပ္ပံနှင့်နည်းပညာဆိုင်ရာ အချက်အလက်များကို ဆွေးနွေးပြီး သက်ဆိုင်ရာဆွေးနွေးချက်နှင့်အသံကို ကမ္ဘာတစ်ဝန်းသို့ ထုတ်ပြန်ပါသည်။