
2021-04-21 19:12:44 |သတင်းအရင်းအမြစ် 新华网

ဧပြီလ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးအသစ်တိုးလာပြီး ၎င်းတို့ ၂ ဦးစလုံးသည် ရွှေလီမြို့၏ အလေးထားစောင့်ကြည့်လူအုပ်စုမှ တွေ့ရှိခြင်းဖြစ်သည်။ ဆေးကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာသူ ၁၁ ဦးရှိပြီး ရောဂါလက္ခဏာမပြသောလူနာတစ်ဦးသည်လည်း သီးသန့်စောင့်ရှောက်ခြင်းမှ လွတ်မြောက်ခဲ့ပါသည်။

ဧပြီလ ၂၀ ရက်နေ့အထိ၊ ယူနန်ပြည်နယ်အတွင်း အတည်ပြုလူနာစုစုပေါင်း ၆၇ ဦးရှိပြီး ရောဂါလက္ခဏာ မပြသောလူနာ ၁၃ ဦးရှိကာ အားလုံးသည် သတ်မှတ်ထားသည့် ဆေးရုံတွင် သီးသန့်ထားရှိ ဆေးကုသမှု ခံယူနေကြသည်။