တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် ခင်းပေးတဲ့ ထွန်းလင်းသော လမ်းမကြီး

2021-04-22 16:51:49 |သတင်းအရင်းအမြစ် CRI

ဒီလ ၂၀ ရက်နေ့က ကျင်းပတဲ့ ၂၀၂၁ ခုနှစ် ပိုအော် အာရှဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားမှာ တရုတ်နိုင်ငံတော်သမ္မတရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားရာမှာ the Belt and Road ဟာ အားလုံးတို့ လက်တွဲ ချီတက်ကြတဲ့ ထွန်းလင်းတဲ့ လမ်းမကြီး ဖြစ်ပြီး ဘက်တစ်ဘက်တည်းရဲ့ ကိုယ်ပိုင် လမ်းကျဉ်းလမ်းငယ် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ဘာဖြစ်လို့ ကမ္ဘာကြီးအတွက် အဲဒီထွန်းလင်းတဲ့ လမ်းမကြီးကို ခင်းပေးထားသလဲ။ အကြောင်းရင်းကတော့ အဲဒီလမ်းမကြီးဟာ ကမ္ဘာ့နိုင်ငံအသီးသီးတို့ မျက်မှောက် စိန်ခေါ်မှုများ ရင်ဆိုင် ဖြေရှင်းဖို့ အကူအညီပေးနိုင်မယ်။ သာယာလှပသော အနာဂတ်ရေးဖန်တီးဖို့အတွက် အင်အား ထောက်ပံ့ ပေးနိုင်မယ်။ ကိုဗစ်-၁၉ တိုက်ဖျက်ရာမှာ ဒီလမ်းမကြီးဟာ ကူးစက်ရောဂါ တိုက်ဖျက်ရေး လမ်းကြောင်း ဖြစ်ပြီး တစ်ချိန်တည်းမှာ လမ်းတစ်လျှောက်မှ နိုင်ငံများ စီးပွားရေး နာလန်ပြန်ထူရေးကိုလည်း တွန်းအား ပေးနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက Belt and Road နိုင်ငံများနဲ့ ပိုမိုရင်းနှီးတဲ့ အပြန်အလှန် ဆက်သွယ်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိဖို့၊ အီးကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်း ပေးဖို့လည်း တင်ပြထားပါတယ်။ အဲဒါဟာ လမ်းတစ်လျှောက်မှ နိုင်ငံများရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး ချောမောလာစေမှာ ဖြစ်ပြီး တပြေးညီ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်မှ အစီရင်ခံစာတစ်ရပ်မှာ ၂၀၃၀ ပြည့်နှစ် ရောက်တဲ့အခါ the Belt and Road အတူ တည်ဆောက်ခြင်းဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူ ၇၆ သိန်းလောက် အလွန်အမင်း ဆင်းရဲမှု ပပျောက်စေဖို့၊ လူ ၃၂ သန်းလောက် အလယ်အလတ် ဆင်းရဲမှု ပပျောက်စေဖို့ အကူအညီပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ the Belt and Road ဟာ ဆင်းရဲမှု လျှော့ချရေး လမ်းကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ဖြစ်လာတဲ့အခါ ကမ္ဘာကြီးဟာ ပိုမို တံခါးဖွင့်ပြီး ပိုမို စည်ပင်သာယာမှာ ဖြစ်ပါတယ်။

တန်းတူရည်တူ သဘောထားခြင်းနဲ့ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်ခြင်းကသာ လူ့ဘောင်အဖွဲ့အစည်းမှာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ ၇ နှစ်အတွင်း the Belt and Road နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်က သက်သေထူပြထားပါတယ်။ သမ္မတရှီကျင့်ဖျင် ပြော သလိုပါပဲ ယနေ့ခေတ်ဟာ စိန်ခေါ်မှုများတဲ့ ခေတ်ဖြစ်သလို မျှော်လင့်ချက်များတဲ့ ခေတ်လည်း ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။