Jacaranda ပန်းပုံသဏ္ဌာန်ဖြင့် အလှဆင်ထားသည့် ခရီးသည်တင်ကားလာပြီ

2021-04-22 16:57:48 |သတင်းအရင်းအမြစ် 云南网

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သည် တစ်နှစ်ပတ်လုံး ပန်းများ ဝေဆာစွာ ဖူးပွင့်ပါသည်။ ဧပြီလ လကုန်ပိုင်းတွင် ကူမင်းမြို့၏ လမ်းများစွာကို လှပစွာဖူးပွင့်နေသော ခရမ်းရောင် Jacaranda များဖြင့် ဖုံးလွှမ်းအလှဆင်နေပြီး ပုံပြင်ကမ္ဘာသို့ရောက်ရှိနေသကဲ့သို့ ခံစားမိစေသည်။

ဧပြီလ ၂၀ ရက်နေ့တွင် Jacaranda mimosifolia ပန်းပုံများဖြင့် အလှဆင်ထားသည့် အမှတ် ၁၀၄ ခရီးသည်တင်ကားသည် ကူမင်းမြို့ Jiaochang Zhong လမ်းတွင် ပြေးဆွဲနေပါသည်။ ခေါင်မိုး၊ အတွင်းနံရံ၊ ထိုင်ခုံစသည့်နေရာအပါအဝင် ၎င်းခရီးသည်တင်ကားအတွင်း၌ Jacaranda ပန်းပုံပါ ပိုစတာဖြင့် အလှဆင်ထားသည်။

ခရီးသည်များသည် ခရမ်းရောင်အတွင်းနေထိုင်ပြီး ရင်ခုန်စရာ ရိုမန်တစ်ကို ခံစားရစေပါသည်။ ကားပြင်ပ၌ဖြစ်စေ၊ ကားအတွင်း၌ဖြစ်စေ ရှုခင်းသာများစွာပါရှိပြီး ယခုကဲ့သို့ကားစီးရခြင်းသည် စိတ်ပျော်ရွှင်စေမည် ဖြစ်ပါသည်။