တောရိုင်းမှိုများ ဈေးကွက်ထဲကို စရောက်ပြီ

2021-04-22 17:18:01 |သတင်းအရင်းအမြစ် 云南网

(资料图片,野生菌)

ဧပြီလ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ် ဖူအလ်မြို့မှ Boletus aereus တောရိုင်းမှို ခြင်းတောင်းနှစ်လုံးအား တရုတ်နိုင်ငံ၏ အကြီးဆုံး တောရိုင်းမှိုစျေးဖြစ်သော ကူမင်းမြို့ရှိ ယူနန်မုရွှေဟွား တောရိုင်းမှိုစျေးသို့ တင်ပို့ခဲ့ပြီး အချိန်တိုအတွင်းမှာပင် စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက တစ်ကီလို တရုတ်ငွေ ၁၈၀ ယွမ် စျေးနှုန်းဖြင့် ဝယ်ယူခဲ့ပါသည်။ Boletus aereus တောရိုင်းမှို၏ စျေးကွက်တင်ခြင်းနှင့်အတူ အချိန်ကြာလာသည်နှင့် တည်ငြိမ်သော တောရိုင်းမှိုစျေးသည် စည်ကားလာစေသည်။ တောရိုင်းမှို စားရသည်ကိုနှစ်သက်သည့် မြို့သူမြို့သားအချို့သည် ချက်ချင်းဈေးကွက်ရောက် ချက်ချင်းရောင်းကုန်သော Boletus aereus တောရိုင်းမှိုအတွက် နောင်တရဖွယ်ရာကို ဖော်ပြခဲ့ပြီး “စားရတာကြိုက်ပေမဲ့ နောက်ကျလို့ မရဘူး။ တောရိုင်းမှိုတွေ နောက်တစ်ခေါက် စျေးကွက်ရောက်လာမှာကို စောင့်မျှော်ရဦးမယ်” ဟု ပြောဆိုခဲ့ပါသည်။

(资料图片,野生菌)

ထိုနေ့တွင် ယူနန်မုရွှေဟွား တောရိုင်းမှိုစျေး၌ Collybia albuminosa မှိုရောင်းဝယ်ရေးကို အချိန်အတော်ကြာလုပ်ဆောင်ခဲ့သူ မစ္စဝူသည် “အခုအချိန်ထိ Collybia albuminosa မှိုကို ၃ ကြိမ် ၄ ကြိမ်လောက် စျေးကွက်တင်ခဲ့ဖူးတယ်။ ပမာဏနည်းပါးပြီး စျေးကြီးတယ်။ တစ်ကီလို တရုတ်ငွေ ၂၀၀၀ ကျော် လောက်ထိ ရှိတယ်။” မစ္စဝူသည် WeChat သူငယ်ချင်းစကားဝိုင်းတွင် Collybia albuminosa ဓာတ်ပုံတင်လိုက်ရာ သိပ်မကြာခင်မှာပင် ဧည့်သည်တစ်ဦးက ဝယ်ယူသွားခဲ့သည်။ “စျေးကို သွားပို့ဖို့ မလိုဘဲကို ရောင်းကောင်းနေပါတယ်”ဟု သူမ ဆက်လက် ပြောဆိုခဲ့ပါသည်။