ဆဋ္ဌမအကြိမ်မြောက် တရုတ်-ဂျာမဏီအစိုးရချင်း ဆွေးနွေးပွဲကို ဗီဒီယိုပုံစံဖြင့် ကျင်းပမည်

2021-04-28 16:39:57 |သတင်းအရင်းအမြစ် CRI

ယခုလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်လီခေ့ချန်နှင့် ဂျာမဏီဝန်ကြီးချုပ် မာကယ်လ်တို့သည် ဗီဒီယိုပုံစံဖြင့် ဆဋ္ဌမအကြိမ်မြောက် တရုတ်-ဂျာမဏီအစိုးရချင်း ဆွေးနွေးပွဲကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယမန်နေ့ ၂၇ ရက်နေ့က ကျင်းပခဲ့သောပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ဝမ်ဝင်ပင်က ဂျာမဏီနိုင်ငံသည် တရုတ်ပြည်၏ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုထားရှိသည့် ဥရောပနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် တရုတ်နှင့် ဂျာမဏီ နှစ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ၏ ဂယက်ရိုက်ခတ်မှုကို အတူကျော်လွှားပြီး နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးသည် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက် နေကြောင်း၊ ယခုလတွင်ပင် သမ္မတရှီကျင့်ဖျင်သည် ဝန်ကြီးမာကယ်လ်နှင့် နှစ်ကြိမ် ကူးလူး ဆက်ဆံခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် ဆဋ္ဌမအကြိမ်မြောက် အစိုးရချင်း ဆွေးနွေးပွဲကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံတို့အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုရှိခြင်းနှင့် အရည်အချင်းမြင့်မားသော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုရှိခြင်းကို အပြည့်အဝ ပြသထားကြောင်း ဖော်ပြပါသည်။