တိဗက်ဒေသသို့ ဝင်ရောက်မည့် မီးရထားလမ်းသစ်တည်ဆောက်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ

2021-04-28 17:58:36 |သတင်းအရင်းအမြစ် 新华网

ဧပြီလကုန်ပိုင်းတွင် တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆာမြို့မှ လင်ကြည်မြို့အထိ မီးရထားလမ်း (လားလင်မီးရထားလမ်း)သည် အရှိန်အဟုန်ဖြင့် တည်ဆောက်နေပါသည်။ စီချွန်း-တိဗက် မီးရထားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လားလင်မီးရထားလမ်းသည် ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ ပြေးဆွဲနိုင်ရန် စီစဥ်ထားပြီး လားဆာမြို့မှ လင်ကြည်မြို့အထိ မီးရထားခုတ်မောင်းချိန် ၅ နာရီမှ ၃.၅ နာရီအထိ လျှော့ချနိုင်မည်ဖြစ်သည်။

စီချွန်း-တိဗက်မီးရထားလမ်း တည်ဆောက်ပြီးစီးပြီးနောက် တိဗက်နှင့် အခြားဒေသအကြား အသွားအလာသည် ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။ သမိုင်းကို ပြန်ကြည့်လျှင် ၂၀၀၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ချင်းဟိုင်-တိဗက်မီးရထားလမ်းသည် တည်ဆောက်ပြီးစီးခဲ့ပြီး တိဗက်ဒေသတွင် မီးရထားမရှိသောသမိုင်းကို အဆုံးသတ်ခဲ့သည်။

ကိန်းကဏန်းအချက်အလက်အရ ၂၀၀၀ ပြည့်နှစ်တွင် တိဗက်ဒေသ၌ အဝေးပြေးလမ်းမကြီး အရှည် ၂ သောင်း ၂ ထောင် ၅ ရာ ကီလိုမီတာသာရှိပြီး ၂၀၂၀ ပြည့်နှစ်ကုန်တွင် အဝေးပြေးလမ်းမကြီးသည် ၁.၁၈၈ သိန်းထိ တိုးများလာသည်။ အမျိုးသားလေကြောင်းလိုင်း အသုံးပြုသူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် ၅.၃ သိန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၅.၁၅ သန်း ရောက်ရှိလာပါသည်။

အဝေးပြေးလမ်းမကြီးနှင့် မီးရထားလမ်း တည်ဆောက်ခြင်းတို့ကြောင့် တိဗက်ဒေသ၏ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပါသည်။ သက်ဆိုင်ရာကိန်းကဏန်းအချက်အလက်များအရ ၂၀၀၆ ခုနှစ်မှစပြီး လားဆာမြို့အနောက်ဘက်ဘူတာရုံ အနီးဝန်းကျင်ရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၄ ခုရှိရာမှ ယခုအချိန်တွင် ၁၈ ခုအထိ တိုးလာပြီး သယ်ယူပို့ဆောင်ရေးပမာဏသည် ယခင်က ပို့ကုန်ပမာဏ ၂ တန်၊ သွင်းကုန်ပမာဏ ၄.၉ သိန်းမှ ယခုတွင် ပို့ကုန်ပမာဏ ၄.၉ သိန်း၊ သွင်းကုန်ပမာဏ ၆.၁၄ သန်း အထိ ရောက်ရှိလာပါသည်။ နှစ်စဥ်ပျမ်းမျှတိုးတက်နှုန်းသည် ၂၀.၇% နှင့် ၂၄.၆% အသီးသီး ရောက်ရှိခဲ့ပါသည်။