ပျားမွေးမြူခြင်းဖြင့် ချမ်းသာချိုမြသောဘဝကို ရရှိရန် ကြိုးစား

2021-04-30 18:37:00 |သတင်းအရင်းအမြစ် 新华网

နှစ်စဥ်နှစ်တိုင်း၏ နွေဦးရာသီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချိုချင့်မြို့ လော်ဖျင်ခရိုင်တွင် အကျယ် အဝန်း ဧကသိန်းချီရှိသော မုန်ညင်းဆီပန်းများသည် ဝေဆာစွာဖူးပွင့်နေပြီး တရုတ်တစ်ပြည်လုံးနေရာ အသီးသီးမှ ပျားမွေးမြူသူများကိုလည်း ဆွဲဆောင်နေပါသည်။ ပျားမွေးမြူရေးသမားများသည် လော်ဖျင်ကို လာရောက်ပြီး ပျားမွေးကြပါသည်။ ကိန်းဂဏန်းများအရ ယခုနှစ်တွင် လော်ဖျင်ကို ပျားမွေးမြူလာသော အလုပ်သမားများသည် ၃၅၀ ကျော်ရှိပြီး ၎င်းနှင့်အတူ ပျားအုံ ၅ သောင်းကျော် ယူလာပါသည်။

ဟိုရှောင်ဝူသည် ပျားမွေးမြူရေးသမားတစ်ဦးဖြစ်ပြီး သူသည် ငယ်စဥ်ကတည်းက ဖခင်နှင့်လိုက်ပြီး ပျားမွေးမြူခြင်းပညာကို လေ့လာခဲ့ကာ ယခုအချိန်တွင် အနီးဝန်းကျင်နေရာ၌ နာမည်ကျော်ကြားသည့် ပျားမွေးမြူရေးကျွမ်းကျင်သူ တစ်ဦးဖြစ်လာပါသည်။

ပျားအကြောင်းကို ပြောလျှင် သူ၌ ပြောဖွယ်ရာအများကြီးရှိပြီး မိမိသည် ပျားအဖိုကဲ့သို့ အလုပ်ကြိုးစား ခြင်းဖြင့် ချမ်းသာချိုမြသောဘဝကို ဖန်တီးနေသည်ဟု ခံစားရကြောင်း သူက ပြောပါသည်။

လော်ဖျင်မှ ပျားမွေးမြူရေးသမားများသည် မုန်ညင်းဆီပန်းဖူးပွင့်ချိန်တွင် ဇာတိမြေလော်ဖျင်ကို ပြန်လာ ပြီး မုန်ညင်းဆီပန်းပွင့်ပြီးပါက သူတို့သည် အခြားပြည်နယ်များသို့ ပျားသွားမွေးမြူလေ့ရှိသည်။ ယူနန်၊ ကွမ်တုံး၊ ကွမ်ရှီး၊ စန်ရှီး၊ ကမ်းစု၊ နင်ရှ …ပန်းပွင့်သည့်မည်သည့်နေရာပင် ဖြစ်စေ ပျားမွေးမြူသမားတို့ သည် လိုက်လံရှာဖွေကာ သွားလေ့ရှိကြပါသည်။

“အခြားပြည်နယ်ကို သွားတဲ့အခါ ကျွန်တော်တို့ရဲ့ နေထိုင်ရာနေရာက ရွက်ဖျင်တဲဖြစ်ပါတယ်”ဟု ဟိုရှောင်ဝူနှင့်မိသားစုဝင်တို့သည် နေရာအနှံ့တွင် နေထိုင်ရသည်မှာ အသားကျနေပြီဖြစ်ကြောင်း ပြော သည်။ “နှစ်စဥ် နှစ်တစ်ဝက်ကျော်က အခြားပြည်နယ်ကို ပျားမွေးမြူဖို့ သွားတာပါ။ နွေဦးရာသီ မုန်ညင်းဆီပန်း ပွင့်တဲ့အချိန်မှသာ ဇာတိကို ပြန်ရောက်လာတယ်”ဟု သူက ဆက်လက်ပြောဆိုခဲ့ပါသည်။

နှစ်စဥ် ပျားများသယ်ယူပြီး နေရာရွှေ့ပြောင်းသည်မှာ ပျားမွေးမြူရေးသမားတို့အတွက် အလုပ်အများဆုံး သောအချိန်ကာလလည်း ဖြစ်သည်။ ယခုရက်ပိုင်းတွင် ကွမ်ရှီးပြည်နယ်မှ ပျားမွေးမြူသူတစ်ဦးသည် နေရာရွှေ့ပြောင်းရန် စီစဥ်နေပါသည်။ ဟိုရှောင်ဝူနှင့်အခြားသော ပျားမွေးမြူရေးသမားတို့က လာရောက်ကူညီခဲ့ပါသည်။

“ကျွန်တော်တို့က အခြားပြည်နယ်မှာ ပျားမွေးတဲ့အခါမှာ ဒေသခံတွေရဲ့ စောင့်ရှောက်မှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့က ကျွန်တော်တို့ဇာတိရောက်တဲ့အခါ ကျွန်တော်တို့လည်း သူတို့ကို တတ်နိုင်သလောက် ကူညီပေးလိုပါတယ်”ဟု ဟိုရှောင်ဝူမှ ဆိုသည်။

ယခုအချိန်တွင် ဟိုရှောင်ဝူသည် ပျားမွေးမြူရေးသမဝါယမတစ်ခုကို တည်ထောင်ထားပြီး အိမ်ထောင်စု ၁၀ စုကျော်ကို ဦးဆောင်ကာ ပျားမွေးမြူနေပါသည်။ အလုပ်ကြိုးစားခြင်းဖြင့် ချိုမြချမ်းသာသော ဘဝ ကို ဖန်တီးနေပါသည်။