တရုတ်နိုင်ငံ၏ ပထမဆုံးသော “ယူနန်ရွှေခြည်မွှေးမျောက် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း စာတမ်း” တရားဝင်ထုတ်ပြန်

2021-04-30 18:48:40 |သတင်းအရင်းအမြစ် 云南发布

ဧပြီလ(၂၈)ရက်နေ့တွင် “ယူနန်ရွှေခြည်မွှေးမျောက် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း စာတမ်း”ကို ကူမင်းမြို့၌ ထုတ်ပြန်ခဲ့သည်။ အဆိုပါစာတမ်းမှာ တရုတ်နိုင်ငံတွင် ယူနန်ရွှေခြည်မွှေးမျောက် တွေ့ရှိပြီးနောက်ပိုင်း ပထမဆုံးသော ယူနန်ရွှေခြည်မွှေးမျောက်၏ အရေအတွက်၊ နယ်မြေအနှံ့ တစ်ပြိုင်နက်တည်း ချိန်ကိုက်စောင့်ကြည့်စစ်ဆေးမှုရလဒ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး ယူနန်ရွှေခြည်မွှေးမျောက် နယ်မြေအနှံ့တစ်ပြိုင်နက်တည်း ချိန်ကိုက်စောင့်ကြည့်စစ်ဆေးမှုဆိုင်ရာ သိပ္ပံနည်းကျ အခြေခံအထောက်အထားရှိသော တွေ့ရှိချက်ကွက်လပ်ကို ဖြည့်စွက်နိုင်ခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ယူနန်ပြည်နယ်တွင် ပထမဆုံးသော ယူနန်ရွှေခြည်မွှေးမျောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဇုန်ကို တည်ထောင်ခဲ့သည်။ အစိုးရဌာနအသီးသီးမှလည်း အဆက်မပြတ် ပါဝင်ခဲ့ပြီး ယူနန်ရွှေခြည်မွှေးမျောက်ကာကွယ်စောင့်ရှောက်ရေး မူဝါဒများ ရေးဆွဲခဲ့ပြီး အရှိန်မြင့်လုပ်ဆောင်ခဲ့သည်။ ယူနန်ရွှေခြည်မွှေးမျောက် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် “နယ်မြေအနှံ့တစ်ပြိုင်နက်တည်း ချိန်ကိုက်စောင့်ကြည့်စစ်ဆေးမှု စီမံကိန်း” ကို စတင် လုပ်ဆောင်ခဲ့သည်။ အဆိုပါစီမံကိန်းမှတစ်ဆင့် ယူနန်ရွှေခြည်မွှေးမျောက် မျိုးနွယ်အရေအတွက်၊ မျိုးနွယ်အကြီးအသေးများ၏ မျိုးစိတ်အရေအတွက်၊ နေထိုင်ကျက်စားရာနေရာနှင့် ထိန်းသိမ်းကာကွယ်ရေး အခြေအနေများကို သိရှိနိုင်ခဲ့သည်။

ယူနန်ရွှေခြည်မွှေးမျောက်သည် တရုတ်နိုင်ငံတွင်သာရှိသော ထူးခြားသောမျိုးစိတ်ဖြစ်ပြီး ပန်ဒါနှင့်တန်းတူ နိုင်ငံတော်ပထမတန်းစား ထိန်းသိမ်းကာကွယ်ထားသော တိရစ္ဆာန်ဖြစ်သည်။ ယခုအကြိမ်ထုတ်ပြန်သော “ယူနန်ရွှေခြည်မွှေးမျောက် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်းစာတမ်း”မှာ “ယူနန်ရွှေခြည်မွှေးမျောက် နယ်မြေအနှံ့တစ်ပြိုင်နက်တည်း ချိန်ကိုက်စောင့်ကြည့်စစ်ဆေးမှုစီမံကိန်း”ရလဒ်များကို စုစည်းပြသသွားမည် ဖြစ်ပြီး ယူနန်ပြည်နယ်၏ နှစ်ပေါင်း(၄၀)အတွင်း ဇီဝမျိုးကွဲမျိုးစုံ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အခက်အခဲများနှင့် အောင်မြင်မှုများကို စနစ်တကျ ပြန်လည်သုံးသပ်ပြီး တင်ဆက်ပြသသွားမည် ဖြစ်သည်။