ပထမအကြိမ် တရုတ်အပြည်ပြည်ဆိုင်ရာ လူသုံးကုန်ကုန်စည်ပြပွဲ ကျင်းပမည်

2021-05-06 19:05:41 |သတင်းအရင်းအမြစ် 第一财经日报、新华网

မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ၊ ပထမအကြိမ် တရုတ်အပြည်ပြည်ဆိုင်ရာ လူသုံးကုန်ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။ ၎င်းသည် တရုတ်ပြည်တွင်း ပထမဆုံး လူသုံးကုန်ကုည်စည်ကောင်းများ အဓိကခေါင်းစဥ်ဖြင့် ကျင်းပသော နိုင်ငံတော်အဆင့် ကုန်စည်ပြပွဲ ဖြစ်သည်။ ထို့ပြင် နိုင်ငံနှင့်ဒေသ ၆၉ ခုမှ ကုမ္ပဏီလုပ်ငန်းပေါင်း ၆၅၀ ကျော်သည် အဆိုပါပြပွဲတွင် ပါဝင်ကြမည်ဖြစ်ပြီး ပါဝင်မည့် ကုန်အမှတ်တံဆိပ် ၁၃၀၀ ကျော်အနက် ပြည်တွင်းကုန်အမှတ်တံဆိပ် ၁၂၀၀ ကျော် ပါဝင်ကြောင်း သိရှိရပါသည်။